Professional Authors

ကုန်သည် (ပိုင်မင်းဆွေ)

“ကုန်သည်”

တစ်နေ့
ပင်လယ်ဟာ ကုန်းပေါ်တက်လာပြီး
လူ ပန်းပွင့် ကျွဲနွား တဲစု တိုက်တာ ရယ်သံ
သစ်ပင် ကလေးငယ် မျက်ရည် မိသားစု
ကုန်ဈေးနှုန်း လယ်ကွင်း ကျေးငှက် သီချင်းသံ
အဖွားအို စေတီ စပါးကျီနဲ့ ခြံစည်းရိုးများကို
ငိုသံနဲ့လဲလှယ်တယ်။

ပိုင်မင်းဆွေ
(7.5.2010 9:22 PM)

*နာဂစ်သို့

*ကုန်သည်*

 

In: ကဗျာ Posted By: Date: May 9, 2010  
Comment #1

ဗျိုး .. ကိုပိုင်မင်းဆွေကြီး .. မတွေ့ရတာကြာပြီဗျိုး .. ကဗျာတွေ လာတင်တာ တစ်ကယ် ဝမ်းသာတယ်ဗျာ

commentinfo By: Thet Twe at May 9, 2010
Comment #2

ညီလေးသက်ထွေး

နေကောင်းတယ်နော်…
ညီ့ဆိုဒ်လေးမရှိတော့ဘူးထင်နေခဲ့တာ…
လိပ်စာများပြောင်းသွားတာလားဆိုပြီး ဂိုဂယ်မှာ ရှာပြီးတော့ အရောက်လာခဲ့တာ….
🙂
ဒီဇိုင်းအသစ်နဲ့ recent posts တွေလည်းတွေ့တော့မှ ၀မ်းသာသွားတယ်ညီရ…
ကိုယ့်အိမ်ကိုယ် ပြန်လာရသလိုပါပဲ။

commentinfo By: piminswe at May 9, 2010
Comment #3

ဟုတ်တယ်အကိုရေ .. ကျွန်တော်လည်း အကို့ကိုဒီမှာပြန်တွေ့ရတာ တစ်ကယ်ဝမ်းသာတယ်။ ဆိုဒ်လည်း ပြန်တက်တာ သိပ်မကြာသေးဘူး။ သေချာ ကောင်းအောင် ပြန်လုပ်နေလို့။ အခုတော့ တော်တော်ပြီးနေပြီဗျ။ အကို့ကဗျာတွေလည်း မဖတ်ရတာကြာပြီ။ တင်သာတင်ဗျာ .. အားပေးမဲ့သူတွေရှိတယ်။

ဒီကဗျာလည်း မိုက်တယ်ဗျာ။

commentinfo By: Thet Twe at May 9, 2010
Comment #4

အထိ
ရေးတတ်တယ်ဆိုတာ
ဒါမျိုး ဖြစ်ရမယ်

commentinfo By: Za TaGwel at May 10, 2010
Comment #5

သေချာကောင်းအောင် ပြန်လုပ်နေလို့ ဆိုပဲ။ သူကြီးရာ ဟုတ်မှလည်း ဖြီးပါ။ သူ့ဘာသူ ပျင်းပြီး မလုပ်ဘဲ အကြာကြီး ပစ်ထားတာများ မသိရင်ခက်မယ်။ နောင်တော်ရေ တွေ့ရတာ ဝမ်းသာတယ်ဗျာ။ ကဗျာကတော့ လန်ထွက်နေတာပဲ။ ဒီ ဆိုဒ်ကို ရောက်တိုင်း အကို့ ကျေးဇူးကြောင့် ဒီကို ရောက်ခဲ့ရတာကို အမြဲ အမှတ်ရနေတာပါ။ အခု အကို့ကို ဒီမှာ တွေ့ရတာ တကယ် ပျော်သွားတယ်။ နောက်လည်း ကဗျာများစွာ ဖတ်ချင်ပါသေးတယ်။ တင်ပေးပါဦး။

commentinfo By: chiron at May 10, 2010
Comment #6

ကိုချီရွန်ကြီး .. ပျင်းနေတာမဟုတ်ဘူးနော် .. တစ်ကယ်ပြုပြင်နေတာ .. ဟွန်းဟွန်း

commentinfo By: Thet Twe at May 10, 2010
Comment #7

စစ်အတွင်းက ကွဲကွာသွားတဲ့ ညီအကိုတတွေ ပြန်တွေ့ကြတာပေါ့။
ကဲ…. တစ္ဆေကဖီးကို ဖွင့်မယ်….
ညီလေး ကိုသက်ထွေးက သေနတ်ကို ချထား..
ကိုချီရွန်က ဗုံးတွေ အိမ်မှာထားခဲ့ဗျာ..
ကော်ဖီ လဘက်ရည် တစ်ခုခု သုံးဆောင်…. 😛
😀
(မောင်ချောနွယ်လေသံနဲ့ပြောတာနော်… တစ္ဆေကဖီး ဆိုတာ သေပြီးလို့ သရဲတွေပြန်တွေ့ကြတယ်လို့
မောင်ချောနွယ်က ပြောချင်တာ… :P.. အခု အရှင်လတ်လတ်ကြီး ပြန်တွေ့ရလို့ ၀မ်းသာတယ်.. ဟဲ ဟဲ)

ဇတကွဲ လည်း တစ်ခုခု သောက်သွားအုံး…. ။

commentinfo By: piminswe at May 11, 2010
Comment #8

နောင်တော် ပိုင်မင်းဆွေ တစ်ယောက် ဘယ်ပျောက်နေလဲ လို့ ရှာလိုက်တာ ခုတော့ တွေ့ပြီဗျို့းးးးးး

ဆံပင်ရှည်တွေကို လှဲကျင်းထားပါတယ်ဆိုတဲ့ သီမာ လေးကော ခု ထိ ဆက်လက် စောင့်မျှော်တုန်းပဲလား……..

commentinfo By: မိုးသစ်ညို at Sep 21, 2010
Comment #9

ဟုတ် အကို ။
ကုန် သည် ။း)

commentinfo By: နတ် ရိုင်း at Dec 17, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment