တက်လူ တေးသံ
ကြက်ဖ…….သာလျှင်
အာရုဏ်ရောင်လှ၊ ဝင်းဝါကြ၏။
ဥသြ…….သာလျှင်
ရာသီနွေလ၊ ဖူးပွင့်ကြ၏။
ဖါးငယ်…….သာလျှင်
အားကာမိုးက၊ မိုးရွာကြ၏။
တက်လူ…….သာလျှင်
မြန်ပြည်အလှ၊ အားသစ်ရ၍
ဇေယျအောင်လံ၊ ထူမည်တည်း..။   ။
                           ဇော်ဂျီ
Leave Comments
								 Email me whenever there is new comment
								
																
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
                                           	
                                    		
                                        


