Professional Authors

အပေါစားကဗျာနဲ့မလွမ်းတော့ဘူး….

တပ်မက်ခဲ့ဖူးတယ်
နင့်ဘေးနားရှိခဲ့ရတဲ့ ခဏတာတွေကိုပေါ့…..
သိပ်မကြာလိုက်ပေမယ့် ခုထိုလွမ်းနေတုန်းပဲ
တို့နှစ်ယောက်ကြားခြားထားတဲ့ မိုင်တွေကို
မလွန်ဆန်နိုင်ပေမယ့်….
ငါ့ရဲ့အချစ်တွေကိုတော့
သူတို့တားဆီးဖို့မစွမ်းပါဘူး……..
လွမ်းရတဲ့ညတွေဆက်
ကြယ်စင်တွေအိပ်ပျက်ခဲ့တာတွေ…….
တိမ်တွေနဲ့အတူငိုတဲ့ သံစဉ်တွေ
နင်တစ်ယောက်ကြားစေချင်လိုက်တာ…….
သတိရခြင်းတွေနဲ့ ရေးတဲ့ငါ့ကာရံတွေ
ခုထိအသက်ဆက်နေတာ…….
နင့်ကိုသိပ်ချစ်လို့ဆိုရင်ယုံမလား
ဘာပဲဖြစ်ဖြစ် ငါ့ဂစ်တာအိုကတော့
သီချင်းသစ်တွေနဲ့ နုပျိုနေတုန်းပဲ……..
နင့်ကိုလွမ်းတဲ့အလွမ်းတွေကို
ငါ့ရဲ့အပေါစားကာရံတွေနဲ့တန်ဖိုးမဖြတ်နိုင်လို့
ဒီကဗျာကိုဒီမှာရပ်မယ်…
ငါ့ရဲ့ဝင်သက်ထွက်သက်တွေတိုင်းမှာ
နင်စိုးမိုးထားတယ်……ဆိုတာ
စာစီပြီးပြောစရာလိုမယ်မထင်ဘူး………

In: ကဗျာ Posted By: Date: Jul 20, 2011
Comment #1

နင့်ကိုလွမ်းတဲ့အလွမ်းတွေကို
ငါ့ရဲ့အပေါစားကာရံတွေနဲ့တန်ဖိုးမဖြတ်နိုင်လို့
ဒီကဗျာကိုဒီမှာရပ်မယ်…
ငါ့ရဲ့ဝင်သက်ထွက်သက်တွေတိုင်းမှာ
နင်စိုးမိုးထားတယ်……ဆိုတာ
စာစီပြီးပြောစရာလိုမယ်မထင်ဘူး……
………………ကွက်တိ….ပဲဗျ..ကိုလွမ်းနောင် အမြဲအားပေးနေလျှက်

commentinfo By: အသဲကွဲမိုး at Jul 21, 2011
Comment #2

တို့နှစ်ယောက်ကြားခြားထားတဲ့ မိုင်တွေကို
မလွန်ဆန်နိုင်ပေမယ့်….
ငါ့ရဲ့အချစ်တွေကိုတော့
သူတို့တားဆီးဖို့မစွမ်းပါဘူး……..

commentinfo By: hanpaing oo at Jul 21, 2011
Comment #3

တပ်မက်ခဲ့ဖူးတယ်
နင့်ဘေးနားရှိခဲ့ရတဲ့ ခဏတာတွေကိုပေါ့…..
သိပ်မကြာလိုက်ပေမယ့် ခုထိုလွမ်းနေတုန်းပဲ
ကိုလွမ်းနောင်..အားပေးနေပါတယ်။

commentinfo By: poem.poem28 at Jul 21, 2011
Comment #4

နင်တစ်ယောက်ကြားစေချင်လိုက်တာ…….
သတိရခြင်းတွေနဲ့ ရေးတဲ့ငါ့ကာရံတွေ
ခုထိအသက်ဆက်နေတာ…….
နင့်ကိုသိပ်ချစ်လို့ဆိုရင်ယုံမလား…./။

Comment #5

lo tar pop.

commentinfo By: ei lay at Aug 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment