Professional Authors

ကစားရွယ်

ရွှေစည်းပုံ သုံးအိမ်နှောပါလို့
မယ်ရောပ မောင်နှင့်ကွယ်။

ကြောက်ခမန်း
ညောင်နန်းမှာ ဝေလေလေပါ့
အထွေထွေ တစ္ဆေကိုမေးပါလို့
ပြေးတဲ့အရွယ်။

အင်းမနေ မြေမနင်းရယ်နဲ့
ခေါင်းခေါက်ရင်း ထိပ်ပုတ်တယ်
စိတ်လုပ်မယ်လို့ မကြံဖြစ်။

လသာသာ
ညခါမှာ ဖန်တို့လို့
တန်ကို့နော် မဆိုရဲရှာဘု
ကစားရွယ် ငယ်ကတဲက
စွဲတဲ့အချစ်။   ။
(လေးဆစ်)     ဦးရဲဒင်

In: ကဗျာ,Others Posted By: Date: Jul 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment