Professional Authors

တကယ်တော့ဗျာ…

ကျွန်တော့်ကို ကျွန်တော်ဖြားယောင်းခဲ့တာ

အမှန်တရားတွေ မျက်စိမှိတ်လက်မခံဖို့

မိုးတိုးမတ်တပ် အပြုံးတွေ

ထိုးထိုးထောင်ထောင် အရှုံးတွေနဲ့ပဲ

ဆေးစက်ကျရာ အရုပ်ထင်ခဲ့တာလား

အရုပ်ထင်ဖို့ ဆေးစက်တွေပဲ ကျခဲ့တာလား ။

ခပ်ဝေေ၀၀ါးဝါးနဲ့ လူတစ်ယောက်

ဒီလိုနဲ့ပဲ …

သူသောက်သုံးခဲ့တာ

မန္တလေးရမ် တစ်ပက်မဟုတ်ဘူး

မြန်မာဘီယာ တစ်ကျိုက် မဟုတ်ဘူး

ပြင်သစ်ဝိုင် ပြင်းရှရှတစ်ခွက်လဲ မဟုတ်ဘူး

တကယ်တော့…

မျှော်လင့်ချက်တွေ သဂြိုင်္လ်ရင်း

အိပ်မက်တွေ ခ၀ါချရင်း

ကဗျာစာရွက်တွေ မီးရှို့ပြာချရင်း

ယုံကြည်ချက်တွေတစ်ရွက်စီ ဆုတ်ဖြဲရင်း

ကိုယ့်ကိုကိုယ်ပဲ သောက်သုံးနေခဲ့တာ ။ ။

In: ကဗျာ Posted By: Date: Jul 19, 2011
Comment #1

တကယ်တော့…

မျှော်လင့်ချက်တွေ သဂြိုင်္လ်ရင်း

အိပ်မက်တွေ ခ၀ါချရင်း

ကဗျာစာရွက်တွေ မီးရှို့ပြာချရင်း

ယုံကြည်ချက်တွေတစ်ရွက်စီ ဆုတ်ဖြဲရင်း

ကိုယ့်ကိုကိုယ်ပဲ သောက်သုံးနေခဲ့တာ ။ ။

commentinfo By: အသဲကွဲမိုး at Jul 19, 2011
Comment #2

အားပေးသွားပါတယ် ကိုမိုးလူ

commentinfo By: မိုးသစ်လေပြေ at Jul 19, 2011
Comment #3

ကောင်းတယ်ဆရာ ။

commentinfo By: rocker at Jul 20, 2011
Comment #4

မိုးတိုးမတ်တပ် အပြုံးတွေကိုသဘောကျတယ်ဗျို့….

commentinfo By: rocker at Jul 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment