Professional Authors

တစ်ခုတည်းသော တစုံတရာ

ရပါတယ်…
အနည်းဆုံးတော့
ခေါင်းညိတ်လက်ခံနိုင်အောင်
ထူထောင်ထားပါရဲ့…

ငြင်းပယ်မှုတစ်ခုအတွက်
လက်နက်တွေ သီးသန့် တပ်ဆင်
မြင်ကွင်းတွေကို အာရုံခံနေဖို့မလိုပါဘူးကွယ်…

အမြင့်ဆုံးအားနဲ့ခွင်းမယ့်
မင်းရဲ့ အမုန်းတရားအတွက်
လက်ချည်းသက်သက်
မတ်တတ်ရပ် ပစ်မှတ်လုပ်ပြရလဲဖြစ်ပါတယ်…

အကုန်လုံး ဆုံးရှုံးရမယ့်အတူတူ
အလံဖြူဆိုတာလဲ အသုံးမ၀င်ပါဘူး
ကြောက်ပြနေလဲ သေမယ့်အတူ
ငါ ထွက်သက်ထိ ရဲသွားပါရစေလား…..

ထာဝရ ၀န်ခံမှုအတွက်
အချိန်တွေလဲ အကြောင်းမဲ့ ပျက်ကြွေ
ညနေဆိုတာ  မဝေကွဲတော့တဲ့
နေ့မဟုတ်ညမဟုတ် နယ်တစ်ခုပေါ့…

ကြယ်တွေကတော့ ဆက်ဝေနေကြအုံးမှာပါ
နောက်ရာဇ၀င်မှာ
ခုနစ်စဉ်ကြယ်ကို လွမ်းမိတဲ့
သစ်ခြောက်ပင်တစ်ကိုင်းအကြောင်း
ဖြစ်ရပ်တူ တစ်ယောက်ယောက်ကို မျှဝေပေးပါ….

အနက်ရောင်ညအရေခြုံတဲ့
တိမ်မျှင်မျှင်တွေဆီက
တခုခုများ ရလေမလား   ….. များခဲ့ပါပြီ
နေရောင် လိမ်းတဲ့ မြေမှာများ
တစုံတရာ ခလုတ်တိုက်မိမလား
ခြေကားယား လက်ကားယား တွေလဲ
အပြိုပြိုအလဲလဲနဲ့ပေါ့….

တကယ်ဆို 
သူမဆီက တစ်ခုသောတစ်ချက်အတွက်
ဘ၀တွေ ပိုပို မွန်းကျပ်ပြီးရှိခဲ့တာ
ဘာဖြစ်ဖြစ် ပြတ်ပြတ်သားသားတစ်ခွန်းလောက်တော့
ငါ့ကို ချီးမြှင့်ခဲ့ပေးပါ…..

In: ကဗျာ Posted By: Date: Jul 18, 2011
Comment #1

ကြယ်တွေကတော့ ဆက်ဝေနေကြအုံးမှာပါ
နောက်ရာဇ၀င်မှာ
ခုနစ်စဉ်ကြယ်ကို လွမ်းမိတဲ့
သစ်ခြောက်ပင်တစ်ကိုင်းအကြောင်း
ဖြစ်ရပ်တူ တစ်ယောက်ယောက်ကို မျှဝေပေးပါ……………………….

commentinfo By: အသဲကွဲမိုး at Jul 18, 2011
Comment #2

တကယ်ဆို
သူမဆီက တစ်ခုသောတစ်ချက်အတွက်
ဘ၀တွေ ပိုပို မွန်းကျပ်ပြီးရှိခဲ့တာ
ဘာဖြစ်ဖြစ် ပြတ်ပြတ်သားသားတစ်ခွန်းလောက်တော့
ငါ့ကို ချီးမြှင့်ခဲ့ပေးပါ…..။

Leave Comments

Name*

Email*
Website
Email me whenever there is new comment