Professional Authors

နှင်းဆီနီ၊

နှလုံးသားမှာ ပျိုးတဲ့နှင်းဆီနီ၊
ဆူးများတာလဲသိတယ်၊
စူး သွားလဲ ပြုံးနေမယ်၊
မင်း မုန်းသွားမှာ စိုးလို့လေ။

အိပ်မက်မှာ စိုးတဲ့ နှင်းဆီနီ၊
အဆိပ်တက်ညတွေ ရှိတယ်၊
အိပ်ပျက်လဲ အိပ်စက် နေမယ်၊
မင်းကို အိပ်မက်လို့လေ။

အတွေး နယ်ချဲ့ နှင်းဆီနီ၊
မောဟ အဆွေးမှာ မျောတယ်၊
လောဘ တက်၊ ရတက်မအေးလဲ၊
မင်းပေးတဲ့ သောကလေးတွေပဲလေ။

ဖန်တံတိုင်းခြားတဲ့ နှင်းဆီနီ၊
ဘဝချင်း မနီးမှန်း သိတယ်၊
အိပ်မက်မှာလှ အတွေးနယ်မှာမွှေး၊
မင်းနဲ့ ဘယ်လောက်ဝေဝေး
ဆူးတချောင်း မင်းထိုးစိုက်ပေးခဲ့တယ်လေ။

In: ကဗျာ Posted By: Date: Jul 18, 2011
Comment #1

နှလုံးသားမှာ ပျိုးတဲ့နှင်းဆီနီ၊
ဆူးများတာလဲသိတယ်၊
စူး သွားလဲ ပြုံးနေမယ်၊
မင်း မုန်းသွားမှာ စိုးလို့လေ။

အိပ်မက်မှာ စိုးတဲ့ နှင်းဆီနီ၊
အဆိပ်တက်ညတွေ ရှိတယ်၊
အိပ်ပျက်လဲ အိပ်စက် နေမယ်၊
မင်းကို အိပ်မက်လို့လေ။

Comment #2

နှလုံးသားမှာ ပျိုးတဲ့နှင်းဆီနီ၊
ဆူးများတာလဲသိတယ်၊
စူး သွားလဲ ပြုံးနေမယ်၊
မင်း မုန်းသွားမှာ စိုးလို့လေ။

အိပ်မက်မှာ စိုးတဲ့ နှင်းဆီနီ၊
အဆိပ်တက်ညတွေ ရှိတယ်၊
အိပ်ပျက်လဲ အိပ်စက် နေမယ်၊
မင်းကို အိပ်မက်လို့လေ။
အားပေးသွားတယ်နော်…..။

Comment #3

အားပေးသွားပါတယ် တဦးတည်းသော သူငယ်ချင်းရေ

commentinfo By: လှိုင် at Jul 24, 2011
Comment #4

အလွမ်းဆူးတို့ဖြင့် တန်ဆာဆင်အပ်သော နှင်းဆီး)

commentinfo By: မိုးသစ်လေပြေ at Jul 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment