Professional Authors

ဘယ်သွားနေလဲ မောင်ရေခဲ ကမ္ဘာကြီးထဲကို ဓားနဲ့ဆို (ခရမ်းပြာထက်လူ)

စစ်ဆိုတာ
ကမ္ဘာမြေပေါ့ပါးလာအောင် စစ်ထုတ်လိုက်တဲ့ရေစစ်လား
ငြိမ်းချမ်းရေးဆိုတာ
သေခြင်းမှာ လူတွေငြိမ်းချမ်း
ဒုက္ခတွေ သိမ်းသွားတာကို ဆိုလိုသလား။
သေနတ်သံတစ်ချက်မှာ သွေးတစ်စက်ဆင်းလာ
အစဉ်အဆက် ဒါဆို
နှင်းဆီတွေ ရဲနေတာ သွေးသောက်ထားလို့ပေါ့
ညနေညနေ နေလုံးကြီးနီရဲနေတာ
သေနတ်မှန်ထားလို့ပေါ့
သေချာပြီ ငါတို့နှလုံးသားများနီရဲနေတာ
သေချာပြီ ငါတို့သံသယဟာ မြဲခဲ့ပြီ
ကြည့်လေ … ရွှေဒင်္ဂါးပြားလေး
တစ်ဖပ်မှာ ပန်းဥယျာဉ်
တစ်ဖက်မှာ ခေါင်းပြတ်
နောက်ထပ်ခုတ်ဖဲ့ထားတဲ့ လရဲ့မျက်နှာပြင်ပေါ်မှာ
သွေးလန့်နေတဲ့ အဘိုးအိုနဲ့ယုန်တစ်ကောင်
ဟေ့ … လူတွေ
ကိုယ့်ဒဏ်ရာ ကိုယ်မေ့
ကော်ဖီဆိုင်ထိုင် ဂျာနယ်လေးတစ်စောင်ဖတ်လို့
စီးကရက်လေးဖွာ ဂြိုလ်တုသတင်းတွေစောင့်ကြည့်လို့
အိုးနဲ့အိမ်နဲ့
ကမ္ဘာအနှံ့အပြား
ခင်ဗျားတို့ အိုးမဲ့အိမ်မဲ့တွေကို အရသာခံနေလို့။ ။

ခရမ်းပြာထက်လူ။

Comment #1

ကျေးဇူးဗျာ … ။

commentinfo By: ထူးဝေ at Jul 16, 2011
Comment #2

ကောင်းတယ်ဗျာ….။

Comment #3

ဟေ့ … လူတွေ
ကိုယ့်ဒဏ်ရာ ကိုယ်မေ့
ကော်ဖီဆိုင်ထိုင် ဂျာနယ်လေးတစ်စောင်ဖတ်လို့
စီးကရက်လေးဖွာ ဂြိုလ်တုသတင်းတွေစောင့်ကြည့်လို့
အိုးနဲ့အိမ်နဲ့
ကမ္ဘာအနှံ့အပြား
ခင်ဗျားတို့ အိုးမဲ့အိမ်မဲ့တွေကို အရသာခံနေလို့။

commentinfo By: moe net at Aug 15, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment