Professional Authors

သားဆိုး (ခရမ်းပြာထက်လူ)

ကိုယ်လျှောက်ရာ ဂျုံနဲ့စပါးခင်းတွေကျန်ခဲ့
ကိုယ့်ဂျင်းဘောင်းဘီအိတ်ထဲ
ခရေတွေဖွဲဖွဲလှုပ်ခဲ့တယ်
လမင်းကိုရပြီးတာတောင် ကြယ်တွေကို ပစ်မှားချင်တဲ့
ရွက်ကျပင်ပေါက် စိတ်ခွန်အားများနဲ့
သစ်တောကို တရိရိကိုက်ဖြတ်နေတဲ့ခွေးအ
ကမ်းခြေ တနင်္ဂနွေနေ့တစ်နေ့နဲ့
ကိုယ့်ဘ၀ မင်္ဂလာဦး ညတစ်ညကိုယူ
အဝေးတောင်ကုန်းပေါ်က
လရောင်ဆောင်းထားတဲ့ ကျောက်တုံးများ
သေဘာၤပ်က္တစ္ခုထဲက
နှင်းဆီအရိုးစုများရဲ့ တွန့်ခေါက်တွန်ကြူးသံ
အိပ်မက်ပေးေ၀၀ါးခဲ့သော
နှင်းကိုက်ခံ မနက်ခင်းများရဲ့ ခြေမ၀ါးထိသံ
ကမ္ဘာရဲ့
နှစ်နဲ့ချီပွင့်ခဲ့သော ဒုက္ခ ၁၂ x ၁၂ လီတို့
အားလုံး
ကျွန်တော့်နှလုံးသား ပြာမှုန်ချ
ဆေးဖက်ဝင်ခဲ့ပြီး
အိမ်ကလေးရှိတဲ့
အမေ့ဆီပြန်ခဲ့တယ်
လမ်းမှာ
သစ်ရွက်နဲ့ငှက် အသစ်အဆန်းများ
သူတို့ကို
ဝမ်းနည်းဝမ်းသာလက်ပြ
ချိုင့်ခွက်ထူ အသားအရည်မွဲလှတဲ့
လမ်းကလေးအတိုင်း
ကျွန်တော့်ကိုယ် ကိုင်းကိုင်းကြီးယိုင်လို့
ပြန်ခဲ့ရာ
အမေက ကျွန်တော့်ကို မမှတ်မိဘူး။         ။

ခရမ်းပြာထက်လူ

ဟန်သစ်- ဇူလိုင် ၊ ၂၀၀၁ 

Comment #1

a may ka ma shi taut bu byar

commentinfo By: ayehlaingmin at Sep 23, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment