Professional Authors

က ခ တွေနဲ့ အိမ်အပြန် ကဗျာ

 

 “ က ခ တွေနဲ့ အိမ်အပြန် ကဗျာ ”

 

က နေရတာ မောလှပါပြီ

 နိုးခနဲ့ မျက်လုံးများအတွက်

ဂ ဏန်းတွေလို ကန့်လန့်တိုက်ချင်နေတော့

င ( ငါ့ ) ကို ထားခဲ့ကြပါ။

 

စ ကတည်းက လွဲနေတာကို

ဆ ရာလုပ်ရင် ပြုံးပြချင်သား

ဇ မရှိရင် ဗလရှိလည်း အလုပ်မဖြစ်ပါဘူး

ည ဆိုတာ မှောင်နေတာချည်းပဲလို့ မင်း ယုံသလား။

 

တ တိုင်းရနေရင်

ထ ပြီးတောင် ဆုမတောင်းဘူး

ဒ ယိမ်းဒယိုင် ဝမ်းတထွာအတွက်

န နေတဲ့ ဘဝကိုလည်း အပြစ်မတင်ရက်ပြန်ဘူး။

 

ပ ထမ မှ မရရင်

ဖ ယောင်းတိုင်လိုလည်း မကျင့်တတ်

ဘ ဝင်လေဟပ်တဲ့ အသံနဲ့

မ တရားမှုကို ပါးနပ်မှုလို့ နှုတ်ခမ်းမွှေးဆွဲ ပေးလိုက်တယ်။

ယ နေ့ နေသာ၏

ရ သမျှ သိက္ခာတွေ ထုတ်လှန်းပါ

လ သာချိန်မှာတော့

ဝ ကွပ်အပ်နိုင်အောင် အားမွေး သူငယ်ချင်း။

 

သ ပြေခက်လေး ကမ်းပေးရုံနဲ့

အောင်မြင်မှု ပိုင်ဆိုင်နိုင်လား

ဘီယာဆိုင်မှာ နေ့တိုင်း ကြားနေကြ

အောင်မြင်ပါစေ အောင်မြင်ပါစေ ……

အောင်မြင်ပါစေ အောင်မြင်ပါစေ …

ဟ ဒယဆေး တခွက် ဖြစ်ကောင်းဖြစ်မယ်

နားလည်ပေးပါ သူငယ်ချင်း

အခု …

ငါ ….

တကယ်

အိမ်ပြန်ချင်တယ် ….

အဲဒီ အိမ်ပြန်ချင်တာကိုလည်း

အောင်မြင်ချင်တယ်။

 

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Jul 11, 2011
Comment #1

ကဗျာ..တစ်မျိုးလေးပဲ
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jul 11, 2011
Comment #2

ငါ ….

တကယ်

အိမ်ပြန်ချင်တယ် ….

အဲဒီ အိမ်ပြန်ချင်တာကိုလည်း

အောင်မြင်ချင်တယ်။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011
Comment #3

ကြိုက်တယ်ဗျား)

commentinfo By: မိုးသစ်လေပြေ at Jul 12, 2011
Comment #4

သ ပြေခက်လေး ကမ်းပေးရုံနဲ့

အောင်မြင်မှု ပိုင်ဆိုင်နိုင်လား

ဘီယာဆိုင်မှာ နေ့တိုင်း ကြားနေကြ

အောင်မြင်ပါစေ အောင်မြင်ပါစေ ……

အောင်မြင်ပါစေ အောင်မြင်ပါစေ …

ဟ ဒယဆေး တခွက် ဖြစ်ကောင်းဖြစ်မယ်

နားလည်ပေးပါ သူငယ်ချင်း

အခု …

ငါ ….

တကယ်

အိမ်ပြန်ချင်တယ် ….

အဲဒီ အိမ်ပြန်ချင်တာကိုလည်း

အောင်မြင်ချင်တယ်။…ကောင်းဗျာ

commentinfo By: အသဲကွဲမိုး at Jul 12, 2011
Comment #5

အားပေးနေပါတယ်

commentinfo By: HEROSMITH at Jul 12, 2011
Comment #6

ဇ မရှိရင် ဗလရှိလည်း အလုပ်မဖြစ်ပါဘူး

ည ဆိုတာ မှောင်နေတာချည်းပဲလို့ မင်း ယုံသလား။

အကို့  ကဗျာတွေက ဖတ်၇တာ အား၇လိုက်တာဗျာ

commentinfo By: MyoZin at Jul 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment