Professional Authors

ညဘက်မှာသာတဲ့နေ(သို့) ဆည်းဆာလွန်ချိန် – လမင်းပိုင်

မှောင်စပျိုးနေတဲ့နေလုံးကြီးဟာ
ရဲရဲတောက်လို့နေပါသေးတယ်

ကြည့်စမ်းပါအုံး
နေ၀င်ဆည်းဆာရဲ့အလှ
ဘာရယ်မဟုတ်ငေးမောနေချိန်မှာဘဲ
ဟိုးတောင်စွယ်တွေနားသူရောက်သွားပြီ….

ငါ့ဘ၀ရဲ့ညတွေ
အမှောင်စပျိုးနေပြီ
ဒီညတွေကိုငါဘယ်လိုဖြတ်ကျော်ရမှာလဲ

ဟောဒီည
လေမတိုက်ဘူး လမသာဘူး
ပူစက်ပူလောင်နဲ့

တကယ်ဆိုနင်ဟာ
ညဘက်မှာသာသင့်ပါတယ်

ကြယ်တွေနဲ့အတူ
ဆည်းဆာအလှကို
ခံစားချင်တယ်

အေးမြခြင်းတွေကိုတောင်ပိုင်ဆိုင်ထားတဲငါ
တမ်းတခြင်းတွေကို အပိုင်သိမ်းထားမီပြီလေ………(ခေတ္တ-တမ်းတပိုင်)

In: ကဗျာ Posted By: Date: Jun 30, 2011
Comment #1

🙂 ကောင်တယ် လမင်းပိုင်…။

Comment #2

ကျေးဇူးပါဗျာ့…………

commentinfo By: laminpaing at Jun 30, 2011
Comment #3

wow,,,,
kway twar p.

commentinfo By: ei lay at Nov 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment