Professional Authors

ဝစီပိတ်ကျင့်စဉ် (လမင်းပိုင်)

ငါ့ရဲ့သွေးသားတွေထဲမှာ
အရင်လို အယ်ကိုဟောဓါတ်တွေ
နီကိုဒင်းဓါတ်တွေနဲ့ပြန်လည်ပတ်နေတယ်
အချစ်စိတ်ကိုအားကောင်းစေတဲ့
အမိုင်လိုဓါတ်တွေပြန်ရောက်လာပြီ
ဒါပေမဲ့မင်းရှိကအခွင့်ရေးတွေ
ထပ်မတောင်းချင်ဘူး
ဘာလို့လဲဆိုတော့
နောက်တခါမင်းထပ်ငြင်းနေရမှာစိုးလို့
ငါ့အတွက်တော့
ဒီနေ့ နဲ့မနက်ဖန်ဟာအတူတူပါဘဲ
ဟိုးအရင်နေ့ရက်တွေကတော့ကုန်ဆုံးခဲ့ပြီလေ
အရာရာဟာနေသားကျနေပြီဆိုပေမဲ့
ခံစားချက်တွေကိုတော့
ဗလာကျင်းဖို့ အင်အားတွေငါစုရအုံးမယ်
ခေါင်းမိုးပေါ်ကမိုးသံတွေကြားရင်
မင်းနာမည်ကိုအော်မခေါ်မိအောင်
ငါကျင့်စဉ်တွေစကျင့်နေပြီ………….

In: ကဗျာ Posted By: Date: Jun 2, 2011
Comment #1

ငါ့ရဲ့သွေးသားတွေထဲမှာ
အရင်လို အယ်ကိုဟောဓါတ်တွေ
နီကိုဒင်းဓါတ်တွေနဲ့ပြန်လည်ပတ်နေတယ်
အချစ်စိတ်ကိုအားကောင်းစေတဲ့
အမိုင်လိုဓါတ်တွေပြန်ရောက်လာပြီ
ဒါပေမဲ့မင်းရှိကအခွင့်ရေးတွေ
ထပ်မတောင်းချင်ဘူး…။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011
Comment #2

pin pan like tar naw..
ei lay ka dot e lo ma loak bu.

commentinfo By: ei lay at Nov 16, 2011
Comment #3

ဗလာကျင်းဖို့ အင်အားတွေငါစုရအုံးမယ်
ခေါင်းမိုးပေါ်ကမိုးသံတွေကြားရင်
မင်းနာမည်ကိုအော်မခေါ်မိအောင်
ငါကျင့်စဉ်တွေစကျင့်နေပြီ………….

commentinfo By: အသဲကွဲမိုး at Mar 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment