ငါ…တရားရဲ့လား
မျက်ရည်ကျ ထိုင်ငိုနေမှ ကြေကွဲတယ်လို့
ဘယ်သူသတ်မှတ်ထားတာလဲ….
မသိမသာမျိုသိပ်ပြီး….
ကြေကွဲခဲ့တဲ့ချိန်တွေ ဘယ်သူတွေမြင်ခဲ့လို့လဲ……
ဘယ်သူသိလဲ ငါမင်းအတွက် ပေးဆပ်ရုံသက်သက်ပါ
ဒါပေမယ့်….အတ္တရှိတဲ့သူတစ်ယောက်ပဲ လိုချင်မိတာပေါ့…..
ပေးဆပ်ရင်းလိုချင်နေမိတာ ငါတရားမျှတရဲ့လား…….
မင်းမျက်ရည်ကျတာသူ့အတွက်လေ……..
ငါ့အတွက်တော့ဘယ်တော့မှမျက်ရည်မကျပါနဲ့
င့ါအတွက်မင်းမျက်ရည်မလိုအပ်လို့ပါ
ပျော်ရွှင်မှုတွေပေးချင်တယ်…..ရင်ခုန်မှုတွေပေးချင်တယ်
ဒါပေမယ့်…မင်းယူမှငါပေးလို့ရမှာလေ…….
ကောင်မလေး….မင်းအားတင်းထားပါ
တစ်ချိန်မှာမင်းပျော်ရွှင်ရဦးမယ်လေ……
မမေ့နိုင်သူတစ်ယောက်နေရာအစားထိုးဖို့
ငါ ရောက်လာတာမဟုတ်ဘူး…..
မင်း ရင်ထဲမှာနေရာတစ်နေရာသီးသန့်နေရဖို့
ငါ ရောက်လာခဲ့တာပါ……
ကျေးဇူးပြုပြီးအရင်လူနဲ့မနှိုင်းပါနဲ့
ငါမွန်းကျပ်လွန်းလို့ပါ….
Comment #2
perfect.
i admire ur pure love.
i feel sympthatic to ur suffer.
wishing u b ok in ur future.
By: ei lay at Jul 23, 2011
Comment #3
မျက်ရည်ကျ ထိုင်ငိုနေမှ ကြေကွဲတယ်လို့
ဘယ်သူသတ်မှတ်ထားတာလဲ….
မသိမသာမျိုသိပ်ပြီး….
ကြေကွဲခဲ့တဲ့ချိန်တွေ ဘယ်သူတွေမြင်ခဲ့လို့လဲ……
By: အသဲကွဲမိုး at Jul 23, 2011




Comment #1
Good 🙂