Professional Authors

“အတိတ်သို့အလွမ်း”

 

အတိတ် သို့အလွမ်း

 

သက်ဆိုင်သူတွေလွမ်းကြပါတဲ့……………….

မေ့ထားတာကို သတိတွေရအောင်

လုပ်ရက်တဲ့သူ။

အတိတ်ဟောင်းရဲ့

အလွမ်းတွေကို ပြန်ဆက်တဲ့

ကိုဖက်တီး ရေ………………..

ဝေးနေတာကြာတဲ့

တက္ကသိုလ်မြေက

မှတ်တမ်းပုံတွေကို ကိုမြင်မိတော့………………………

အင်းလျား

ရေတမာ

ဦးချစ်

သစ်ပုတ်ပင်နဲ့

ဂျဒ်ဆင်

ဘွဲနှင်းသဘင်ခန်းမ

အဓိပတိလမ်းမ

တစ်ခါတစ်လေ မျက်စေ့လည်မှရောက်တတ်

တဲ့စာသင်ခန်း

ညည သီချင်းတွေတဲ့သွားဆိုတဲ့

အဆောင်များ

ချစ်သူနဲ့ ကြည်နူးဖွဲ့ဆင်ခဲ့တဲ့ခုံတန်းလျား

အလွမ်းစကားတွေနဲ့

လမ်းခွဲစကားဆိုခဲ့တဲ့

မြေနီလမ်း

 

မိုးရေစက်များ

ရွက်ကြွေများ

တောင်ပိန္နဲသီးအပိုင်းအစများ

ရယ်မောသံများ

ရှိုက်ငိုသံများ

လက်ခုပ်သံများ

တက်ခေါက်သံများ

သီချင်းသံများ

 

များ………များ……………များ

ကြား………ကြား…………..ကြား

ယောင်လာမိပေါ့ နားထဲမှာ။

 

ဟိုအရင် တက္ကသိုလ်ရက်များထဲကအသံတွေပေါ့။

အတိတ်ဆိုတာတော့ အတိတ်ပါဘဲ။

ပြန်ပြင်ဆင်လို့မရပေမယ့်

သူ    ရင်ထဲကို ခဏခဏ အလည်လာတယ်လေ…………………

ကဲအခြေအနေမပေးလို့ အနေဝေးခဲ့သူလေးရေ

လေးဖြူရဲ့စာမျက်နှာတစ်ဆယ့်ငါး

နားထဲမှာကြားပေမယ့် အသက်အရွယ်အရ

ဆိုမပြရဲတော့တေးသွားအလိုက်ကိုလေချွန်လိုက်ပါတယ်

ဘယ်ဆီကို မင်းရောက်နေတယ်…………

ဘယ်သူနဲ့မင်းရှိနေမယ်………………………

သတိရပါတယ်…………….လွမ်းမိပါတယ်……………..”

 

ကိုပေါက်လက်ဆောင်အတွေးစဉ်

(26-6-2011)

မန္တလေးဂေဇက် ၀က်ဆိုက်မှာ

(သက်ဆိုင်သူတွေလွမ်းကြပါနောင် နှစ်နေမှတခါထပ်ပြီးတင်တော့မယ် …..)

လို့ခေါင်းစဉ်ပေးထားတဲ့

– fatty ရဲ့  စာကို ဖတ်ရတော့ ဒီကဗျာလေးရလိုက်ပါတယ်။

In: ကဗျာ Posted By: Date: Jun 27, 2011
Comment #1

ကောင်းလိုက်တာဗျာ…
ကဗျာမှာတော်2အနှစ်သာရ၇ှိတယ်
အားပေးနေပါတယ်

commentinfo By: poem.poem28 at Jun 27, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment