Professional Authors

ကောင်မလေးမင်းအနားငါရှိမနေသေးတဲ့အခါ

 

ကောင်မလေး….

ငါမင်းနားမှာရှိမနေသေးတဲ့အခါ

ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ

အစာစားပါ…..နေမကောင်းရင်ဆေးသောက်ပါ

အရမ်းညစ်လာရင်….ပြောခဲ့ဖူးတဲ့ဟာသလေးတွေ

ပြန်သတိရပေးပါ……..

 

ကောင်မလေး………

ငါမင်းနားမှာရှိမနေသေးတဲ့အခါ

သနပ်ခါးလေးလိမ်းထားပါ

ကလစ်လေးလည်း….ခေါင်းပေါ်မှာတည်ပါစေ

မင်းကောင်လေးကို…..အရမ်းသတိရလာရင်

သူနဲ့ပတ်သက်တဲ့အမှတ်တရတွေ

ပြန်အောင့်မေ့လိုက်ပါ………..

 

ကောင်မလေး…………

ငါမင်းအနားမှာမရှိနေသေးချိန်

Online သုံးဖြစ်တယ်ဆို

ငါရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ…..

ငါရေးပေးဖူးတဲ့…ကဗျာအတိုအစလေးတွေ

ဖတ်ပေးပါ….သီချင်းလေးတွေထိုင်နားထောင်နေလိုက်ပါ

တစ်ချိန်ကျငါမင်းအနားမှာထာဝရရပ်တည်ချင်ပါတယ်…….

ကောင်မလေးငါမင်းအနားရှိနေခွင့်ပေးပါတော့…..

(ချစ်ရသူမီလေးအမြန်ဆုံးနေကောင်းပါစေ)

In: ကဗျာ Posted By: Date: Jun 23, 2011
Comment #1

ကောင်မလေး ကို အရမ်းသတိရသွားပြီ…
အားပေးပါတယ်………………………………
ခံစားချက်တွေကို ဘောင်ခက်ထားချင်တယ်….
ကျွန်တော့် ရဲ့ တန်းဖိုးမရှိတဲ့ အချစ်တွေကိုရောပေါ့…………………………….။

commentinfo By: Poekglay at Jun 23, 2011
Comment #2

ထင်လို့ပါညီလေးရ……တန်ဖိုးမရှိဘူးလို့ထင်ရတဲ့အရာအချစ်မှာမရှိပါဘူး
အားပေးလို့ကျေးဇူးတင်ပါတယ်…ခံစားချက်တွေဖော်ထုတ်နိုင်ပါစေညီလေးရယ်..

commentinfo By: khant naung at Jun 23, 2011
Comment #3

ကောင်မလေး….

ငါမင်းနားမှာရှိမနေသေးတဲ့အခါ

ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ

အစာစားပါ…..နေမကောင်းရင်ဆေးသောက်ပါ

အရမ်းညစ်လာရင်….ပြောခဲ့ဖူးတဲ့ဟာသလေးတွေ

ပြန်သတိရပေးပါ……..
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jun 23, 2011
Comment #4

oh,,,
i like so so much..
with lots of love

commentinfo By: ei lay at Feb 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment