ဆုမတောင်းချင်ဘဲ တောင်းခဲ့ရတဲ့ ဆုတောင်း
မိန်းမတစ်ယောက်အတွက်
အသက်ပေးတယ်ဆိုလို့
နားမလည် ပါးမလည်
ဟားတိုက်ရယ်ခဲ့ဖူးတယ်..။
ချစ်လှပါပြီ ကြိုက်လှပါပြီ
သူ့မှမရ သေရပါမည်ဆိုလို့
ဘာမသိ ညာမသိ
ရယ်မောမိခဲ့ဖူးတယ်..။
ချစ်သူကပစ် စိတ်ကညစ်
အရက်သောက်လို့ မှောက်တဲ့သူတွေ
ဒီလောက်ဖြစ်မယ်မသိ
ကြည့်ပြီး ဝေဖန်ခဲ့ဖူးတယ်…။
အခုတော့ အဖြစ်က
မချစ်တတ် ချစ်တတ်နဲ့
ချစ်ခဲ့မိသူ တစ်ယောက်
ဘယ်လောက်ချစ်မိလဲမသိ
ရှိသမျှ အသက်
မင်းအတွက်အကုန်ပေး
မင်းကိုမှမရ
သေတာမှ အေးမည်တွေး
အရက်သောက်လို့မှောက်အိပ်
မင်းပုံရိပ်ပဲမြင်နေသေး
ဒီလိုအဖြစ်တွေကိုတွေးလို့
အဝေးကပဲ ဆွေးနေပါ့မယ်…။
ဒီဘဝမှာတော့ နေပါစေ
နောက်ဘဝများရှိခဲ့ရင်လေ
မိန်းမများနဲ့ကင်းပါစေ
ဘုရားရှေ့မှာ ဝတ်ပြုကာနေ
တောင်းဆု အခါခါ ခြွေ…..။ ။
ဇော်သက်ဦး
Comment #2
ဒီဘဝမှာတော့ နေပါစေ
နောက်ဘဝများရှိခဲ့ရင်လေ
မိန်းမများနဲ့ကင်းပါစေ
ဘုရားရှေ့မှာ ဝတ်ပြုကာနေ
တောင်းဆု အခါခါ ခြွေ…..။ ။
တကယ်ဆုတောင်းတာလား…။
By: ပွင့်ဖြူ at Jun 22, 2011
Comment #3
ကောင်းတယ်အစ်ကို..။ကျွန်တော်လည်းဆုတောင်ချင်တယ်….။
By: နတ်ဆိုးလေး at Jun 22, 2011
Comment #4
Very Good!!!!!
By: Zar Zar at Jun 22, 2011
Comment #5
အားပေးလိုက်မယ် အားနာလို့..။ဟဲ ဟဲ..။
By: မိုးဆွေ at Jun 22, 2011
Comment #6
ဒီဘဝမှာတော့ နေပါစေ
နောက်ဘဝများရှိခဲ့ရင်လေ
မိန်းမများနဲ့ကင်းပါစေ
ဘုရားရှေ့မှာ ဝတ်ပြုကာနေ
တောင်းဆု အခါခါ ခြွေ…..။ ။
အားပေးလိုက်ပါတယ်…။
By: မင်းသူစိုး at Jun 22, 2011
Comment #15
ဒီဘဝမှာတော့ နေပါစေ
နောက်ဘဝများရှိခဲ့ရင်လေ
မိန်းမများနဲ့ကင်းပါစေ
ဘုရားရှေ့မှာ ဝတ်ပြုကာနေ
တောင်းဆု အခါခါ ခြွေ…..။
ဒီစာသားလေးသဘောကျတယ် အဟက်… ဒီဘ၀တော့နေပါစေတဲ့…
ဒီဘ၀ထဲ ခုကတည်းက တောထွက်လိုက်ပါလား အဟိ.. နောက်ဘ၀ထိ မစောင့်နဲ့လေ…
သဘောကျလွန်းလို့.. အဟက် ဟက်…အဟက်…
By: sandi at Jun 27, 2011
Comment #18
ha,,,ha,,
ko ye thu ka a yan nout tat tar pe naw.
he,,he,,
By: ei lay at Aug 16, 2011




Comment #1
သေတာမှ အေးမည်တွေး
အရက်သောက်လို့မှောက်အိပ်
မင်းပုံရိပ်ပဲမြင်နေသေး
ဒီလိုအဖြစ်တွေကိုတွေးလို့
အဝေးကပဲ ဆွေးနေပါ့မယ်…။