ရှိစုမဲ့စုများ
သဘောထားကြီးယောင်ဆောင်ထားတဲ့
မုတ်သုံရဲ့လက်တွေမှာ
ကိုယ့် ရွက်ဝါတွေ 
နေရာမရခဲ့ကြပါဘူး။
နွေရိပ်ခိုဆဲ ပင်လယ်လူးလဲအထ
တိမ်ညို တွေရဲ့ ပြေးလမ်း
မိုးစက်တွေ စုတ်တသက်သက်ကြွေ
ခုနှစ်တစ်ခု ထက်ဝက်ခြမ်းသွားတယ်။
ကော်ဖီတစ်ခွက်လောက်မှ
အရသာမရှိတတ်တဲ့ ဘ၀ဟာ
တံလှပ်တွေနဲ့ အဖော်လုပ်ပြီး
မုသားတွေကို  လွယ်လွယ်ထုတ်သုံး
အရင်းနှီးဆုံးတွေကိုတောင် လုပ်ကြံတယ်။
ဝက်မဖြစ်ခဲ့ပေမယ့်
မစင်ကိုလဲ မကြောက်ပါဘူး
အာဝါသကောင်းကောင်းနဲ့ ကျောက်ပုံပြင်မှာ
ထာဝရ ဒါးသွေးခဲ့ရ
အပ်ချလောင်း လုပ်ပြခဲ့ရပေါင်းလည်းများပြီ။
ကြိုတွက်ပြီး လျှောက်တဲ့လမ်း
မပြန်နိုင်တော့တဲ့ မှန်းဆမှု၊
အတုဆိုတာ မြင်နေကျဖြစ်ခဲ့ပြီလေ။
ကဲ အချစ်ဦးရေ နင့်အတွက် 
နေ နဲ့လကိုတင်တောင်းမယ်
တကယ်ဆိုတာထက်
ပိုတတ်တဲ့ အကြင်နာတရား
သက်ရှိ ကဗျာကိုကြားနာပြီးမှ ဆုံးဖြတ်ပါ။
Comment #3
မိုက်တယ် ဗျိုး … ရေလည် မိုက်တယ်
 By: yanlay at Jun 24, 2011
                        By: yanlay at Jun 24, 2011
                    Leave Comments
								 Email me whenever there is new comment
								
																
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
                                           	
                                    		
                                        
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 
Comment #1
သဘောထားကြီးယောင်ဆောင်ထားတဲ့
မုတ်သုံရဲ့လက်တွေမှာ
ကိုယ့် ရွက်ဝါတွေ
နေရာမရခဲ့ကြပါဘူး။
အားပေးသွားပါတယ်။