Professional Authors

နာကျင်ခြင်းတရားတော်

ဆူးကိုထွင်ရင်တော့
နာကျင်ရမှာပေါ့
မထွင်ရင်လည်း တစစ်စစ်ဖြစ်နေမယ်။

နာကျင်ဖွယ်အမှန်တရားကိုရင်မဆိုင်ရဲလို.
လက်ရှိအနေအထားလေးမှာ မျှောလိုက်နေသူတို.ရေ
လောကရဲ. စရိုက်ဆန်းမှာ
ရောလိုက်ပြီးတော့လည်း မစမ်းနဲ.
အရွဲ.တိုက်ပြီးတော့လည်း မကြမ်းနဲ.
အမှန်ကို မြင်စေတဲ့စခန်းက
ဖြတ်လမ်းမရှိဘူးလေ။

တည့်တည့်လေးကြည့်
တချိန်တည်းမှာသိလိုက်
ထိခိုက်မှု မှန်သမျှက “နာ”ပါတယ်
(လက်ခံပါတယ်)
ဒါပေမယ့်
တုန်ခါမှုကြောင့် ပို နာနေကြတာ ဘာ့ကြောင့်လဲ။

နာကျင်မှုကိုပဲ တယုတယမွေး
တသသကျောသပ်ပေးနေတော့မှာလား
ပါရမီမြောက်ဒုက္ခသည်ကြီးရေ
နည်းနည်းလေးစိတ်လျော့လိုက်ပါ။

ပြည်အောင်းနေတဲ့ ဒဏ်ရာ
အနာခံဖောက်ထုတ်မှ သက်သာမယ်
နာကျင်မှုကို သွေးလိုလှူလိုက်
ငါတို.က ဖေးကူလို.မရဘူး။       ။

In: ကဗျာ Posted By: Date: Jun 21, 2011
Comment #1

ကိုမော်နီ..တကယ်ကောင်းပါတယ်။
အားပေးနေပါတယ်။

commentinfo By: poem.poem28 at Jun 21, 2011
Comment #2

ရမလား

commentinfo By: မိုးငယ် at Jun 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment