Professional Authors

အသည်းကွဲ ..စာတမ်း

ပေးဆပ်တာတွေများတိုင်း
နာကျင်ရမယ်လို့တော့ မတွေးသင့်ဘူး
နာနာကျင်ကျင်ပေးဆပ်လိုက်ရပေမယ့်
ခံစားချက်နဲ့တော့ဆိုင်သေးတာပေါ့
နေတတ်ရင် ကျေနပ်စရာဖြစ်နေတဲ့လောက
ငါဖြေတွေးတတ်ဖို့ပဲလိုတယ်
ဟုတ်တယ်မလား…………..။

ငါ့အတွက်ကတော့ လက်တစ်စုံက
ဆုပ်ကိုင်ခွင့်ရှိမှမဟုတ်တော့ဘူး
မျှော်ငေးနေခွင့်ရတာတောင် ဆုလာလ်တစ်ပါးရယ်လေ
တကယ်တော့ အချစ်က
ငါ့အတွက် ပျော်ရွှင်စရာထက်
နာကျင်စရာသာပေးသလား
ခပ်လွယ်လွယ်မတွေးတတ်အောင်ပဲ………….။

ချချရေးမိတဲ့ ကဗျာတိုင်း
အချစ်အကြောင်းပဲဖြစ်ဖြစ်နေတာ
ကျေးဇူးပြုပြီး စိတ်မရှိပါနဲ့..
ဒီအချိန်ထိ လူသားဆန်ဆန်ရှင်သန်နေမိတုန်းမို့ပါ……….။

ဘ၀ကပြောတဲ့အကြောင်းအရာတစ်ချို့
လက်တွေ့မှာခက်ခဲတတ်မှန်း
တောပြောင်းသေတဲ့ကျားလို
ခပ်ကြမ်းကြမ်းလဲ မစွပ်စွဲချင်ပါဘူး
ငါပြောင်းလာတဲ့တောမှာ ငါ့ကျေနပ်မှုအတွက်
အစာတစ်ချို့ သူများတွေမှမမြင်ရတာ
ငါကျေနပ်နေတယ်လေ………….။

ယိုင်တိုင်တိုင်ဆိုပေမယ့် လှမ်းနေနိုင်တာ
ငါ့အားထုတ်မှုရဲ့ အကျိုးခံစားခွင့်ပေါ့
တကယ်တော့အချစ်နဲ့မကင်းနိုင်တာပါ
တစ်ခုပဲရှိတယ် တစ်ခုတည်းပဲ
“သူနဲ့လှမ်းလျှောက်နေကျညနေခင်းတွေ
ဘယ်တော့များပျောက်ကွယ်မလဲ”
တွေးပြီး အသက်ရှုမ၀တော့တာ
………….ဒီတစ်ခုတည်းပဲ…………

 

(ဒီကဗျာလေးရဲ့ နာမည်ကို ချာတိတ်ပေးပေးတာပါ …. (အမှတ်တရ))

In: ကဗျာ Posted By: Date: Jun 21, 2011
Comment #1

ချချရေးမိတဲ့ ကဗျာတိုင်း
အချစ်အကြောင်းပဲဖြစ်ဖြစ်နေတာ
ကျေးဇူးပြုပြီး စိတ်မရှိပါနဲ့..
ဒီအချိန်ထိ လူသားဆန်ဆန်ရှင်သန်နေမိတုန်းမို့ပါ……….။

commentinfo By: poem.poem28 at Jun 21, 2011
Comment #2

အပေါ်က cmt အတိုင်းပါဘဲ..အဲဒီအပိုဒ်လေးက ထိရောက်တယ်။

commentinfo By: ဖိုးနမ်း at Jun 21, 2011
Comment #3

ကဗျာကောင်းလေးဗျ
ဖတ်သွားပါတယ် ~~

With respect,
RAY

commentinfo By: X - ray at Dec 24, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment