Professional Authors

သူငယ်ချင်း

မမေ့ဘူးဆိုရင် ဟိုစဉ်ကာလ

နှင်းတွေကျတဲ့ ဒီဇင်ဘာရဲ့နေ့တစ်ရက်မှာ

ကျောင်းစဖွင့်တာ မင်းမှတ်မိရဲ့လား

ငါတို့တစ်တွေ စာသင်ခန်းထဲ

တစ်ယောက်နဲ့တစ်ယောက် နောက်ခဲ့တာတွေ

သိပ်ရွင်လို့ ပျော်တဲ့အခါလည်းပျော်

စိတ်တိုလို့ မခေါ်တဲ့ အခါလည်းမခေါ်

တော်တော်ဗရုတ်ကျ ခဲ့ကြတာတွေ

တစ်ယောက်နဲ့တစ်ယောက်

စိတ်ကောက်လို့ သပိတ်မှောက်တဲ့ အခါလည်းမှောက်

စိတ်မဖြောင့်လို့ ပိတ်ဟောတ်တဲ့အခါး ဟောက်

ဒိုးဒိုးဒေါက်ဒေါက် ဘူးနဲ့ဘောက်လို

အကြင်နဲ့ပိုခဲ့

သူငယ်ချင်းတို့ရယ်……….

ဒါတွေလည်း မမေ့နဲ့နော်

တို့တစ်တွေလေ ဟေမာန်ဆောင်းထဲ

အချင်းချင်း လည်ပင်းဖက်

မခွဲရက်နိုင် စကားလှိုင်ခဲ့

ဟန်မဆောင်ပဲ ရင်းနှီးစွာလည်း

ပျော်ခဲ့ကြသေး မမေ့ကြေးနော်

အတန်းထဲလာ စာသင်ချိန်မှာ

တိုးတိုးတိတ်တိတ်  မုန့်ခိုးစားတဲ့အခါစား(စကားခိုးများတဲ့ အခါများ)

ဟာသလုပ်ပြီး မြူးကြတဲ့ အခါမျိုးမှာလေ

သခိုးလူမိ ဆရာသိလို့

အဆူခံရလည်း တို့တွေ အတူတူပဲနော်…

စာရတဲ့ အခါ ဆရာမကြောက် အတန်းမကြောက်

စာမရတဲ့ အခါ ဦးရွေသန်းလား(အန်တီစု)…

သို့တည်းမဟုတ်  မန္တလေးတောင်လား ၊ကုသိုလ်တော်လား

(လားပေါင်းများစွာ) ငါတို့သွားကြ…….

သို့ပေမဲ့လည်း

အချင်းချင်းဖေးမတွဲယူလက်တွဲကူပြီး

အထူးကြိုးစား ကျောင်းစာများထဲ

တဝဲလည်ကာ ပညာရှာခဲ့

လာမဲ့ စာမေးပွဲတိုင်း တို့တွေရဲရဲဖြေ

အောင်ပန်းဝေမှာ

တို့တွေ ယုံကြည့်မျှော်လင့် ကြတယ်နော်

ငါတို့တစ်တွေလေ

ရည်ရွယ်ချက်တွေပြည့်မှီ ဝါသနာကိုယ်စီဖြင့်

နည်းပညာတက္ကသိုလ် (အိုးဘို) ကနေလေ

Master ဘွဲ့တွေ ယူကြရတော့မယ်……

အခန့်မသင့်လို့ ဒီထက်မက ငါတို့တွေလေ ဝေးသွားကြရင်

သူငယ်ချင်းတို့ရေ………

ဟိုစဉ်က အတန်းထဲမှာ အရမ်းတွဲလာပြီး မင်းကိုလမ်းခွဲခါနီး

ပြောလိုက်ပါရစေသူငယ်ချင်း………

“ခင်မင်မှု အမြင်ဆုံးမှ သည် ခင်မင်မှုရာသက်ပန်ဆီသို့”

In: ကဗျာ Posted By: Date: Jun 19, 2011
Comment #1

သူငယ်ချင်းတို့ရေ………

ဟိုစဉ်က အတန်းထဲမှာ အရမ်းတွဲလာပြီး မင်းကိုလမ်းခွဲခါနီး

ပြောလိုက်ပါရစေသူငယ်ချင်း………
“ခင်မင်မှု အမြင်ဆုံးမှ သည် ခင်မင်မှုရာသက်ပန်ဆီသို့”../

Leave Comments

Name*

Email*
Website
Email me whenever there is new comment