Professional Authors

မင်းသိစေချင်တာ….

ဘ၀ ကိုလက်တစ်လုံးခြားလုပ်ဖို့ကြိုးစားတိုင်း

ငါ့အနာအတရတွေက အရှိန်မြင့်တက်လာတတ်တယ်

 

ထိခဲ့တုန်းကအရှိန်ပြင်းတယ်ဆိုပေမယ့်

နောက်ထပ်တော့သွေးတိုးစမ်းချင်မိသား

 

တစ်သက်မှာတစ်ခါပဲ ကြုံတွေ့ခွင့်ရှိတယ်လို့

ဘယ်အဘိဓါန်မှာမှ မပြဌာန်းခဲ့တာပဲလေ

 

ပိုင်ဆိုင်တယ် ဆုံးရှုံးတယ်ဆိုတာမျိုးလောက်နဲ့

ငါ့မျှော်လင့်ချက်လှေ မှောက်မသွားနိုင်ပါဘူး

 

တစ်ခါတစ်လေတော့ လက်တွေ့နဲ့စိတ်ကူး

အရူးတောင်လွဲချင်လွဲနေတတ်တာသဘာဝ

 

ပေးတိုင်းပြန်ရချင်တာမျိုးမဟုတ်ပေမယ့်

ပြန်ပေးခဲ့မယ်ဆို ငါတန်ဖိုးထားတတ်မှန်း သိစေချင်တာ

 

တကယ်တော့…….င့ါစိတ်ရင်းအမှန်က

အနေကြာလာတဲ့အခါ ရင်နာစရာလေးဖြစ်မှာတစ်ခုတည်း…..

 

 

(ဒီကဗျာနာမည်လေးက ချစ်ရတဲ့သူငယ်ချင်းလေးပေးတာပါ အမှတ်တရဖြစ်ပါစေ….)

In: ကဗျာ Posted By: Date: Jun 15, 2011
Comment #1

အားပေးသွားပါတယ်။..
ကောင်းတယ်ဗျာ

commentinfo By: poem.poem28 at Jun 15, 2011
Comment #2

တကယ်တော့…….င့ါစိတ်ရင်းအမှန်က

အနေကြာလာတဲ့အခါ ရင်နာစရာလေးဖြစ်မှာတစ်ခုတည်း…..

Leave Comments

Name*

Email*
Website
Email me whenever there is new comment