Professional Authors

အချစ်၏ပြပုဒ်

 

ချစ်မမသို့ – ၃၄

(အချစ်၏ပြပုဒ်)

 

ကိုးကွယ်ဘာသာ မတူညီပါ

ယုံကြည်မူတရား လားလားမှမဆိုင်

ခံယူချက်လဲ ကွဲခဲ့ပါ၏.

သို့ပေမဲ့လဲ တစ်ဦးအပေါ်

တစ်ဦးအချစ် ယုံကြည်သစ္စာ

ခိုင်မြဲခဲ့၏ မျှော်လင့်ချက်မပါ

ခိုင်မြဲနေ၏ ယနေ့ထက်တိုင်

ချစ်ကျပါ၏ သတ်မှတ်တရား

မဆိုထားနှင့်

မြူမှုန်တမျှ အပြစ်မမြင်

အချစ်သည်သာ အချစ်ဖြစ်

ချစ်ခြင်းခိုင်မြဲ ယုံကြည်နေ၏

သို့ပေမဲ့လဲ လောကတရား

ဘယ်သူရှေ့ဖြစ်ဟောနိုင်မည်လဲ..

မည်သို့ဆိုစေ အသက်ထက်ဆုံး

ရှိနေဦးမည့် ဒီအချစ်ကို

ချစ်သူသိစေ

ညွှန်းဖွဲ့ဆို၏ ဒီကဗျာအား

ချစ်သူသိစေ

မငိုမိအောင်ထိန်းပါလေ..။

ချစ်သောသခင်။

 

မောင် (အထီးကျန်သူ) ၃၀ .၀၁. ၂၀၁၀ (၂၃း၀၄ PM)

In: ကဗျာ Posted By: Date: Jun 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment