Professional Authors

ဘဝကား (မင်းလူ)

အို . . ခရီးသွား
ဘဝကား
အားထားလို့သာ စီးကြပါ။

အချင်းချင်းပဲ
ကြပ်ကြပ်တည်း
နည်းနည်းလေးတော့ သီးခံပါ။

ဂီယာတုတ်ထောက်
ဆီမီးပျောက်
ကတ်တောက်ကလည်း လွန်ချူချာ။

မော်တာတွက်ကပ်
တွန်းစတပ်
အရပ်ကူပါ လူဝိုင်းပါ။

ပလပ်တစ်လုံး
ဆီတစ်ပုံး
ကုန်ရုန်းလို့သာ ဆွဲဦးမှာ။

ဟွန်းကမမြည်
ဘက်ထရီ
မိုးရည်နည်းနည်းများလို့ပါ။

တာယာနှစ်လုံး
ကွန်ပေါင်းသုံး
နှစ်လုံးကျန်တာ ဗားကရာ။

ဆံသဆိုင်နား
သတိထား
ပါးပါးလေးမို့ ကွဲတတ်တာ။

တိုင်ကီထုထား
ဘောဒီသား
သံပြားချည်းပဲ ယုံလိုက်ပါ။

ယပ်တောင်လေးများ
ဆောင်လို့ထား
အဲယားကွန်းတောင်ပျင်းတယ်ဗျာ။

ပါဝါဝင်းဒိုး
လက်အားကိုး
မိုးလေးရွာတော့ပျော်စရာ။

ထိုင်ခုံရွှဲစို
မိုးကယို
ပရိုကိုးသာ ဆောင်ထားပါ။

အိုဗာဝိတ်တိုး
လေးလည်းကျိုး
လမ်းဆိုးတာက ပြဿနာ။

စည်းကမ်းဖောက်ပြန်
ခရာသံ
ချလံလေးတော့ ကြောက်တယ်ကွာ။

ချက်ဆီလည်းပျက်
ဖရိမ်အက်
သက်တမ်းတိုးတော့ ခက်တယ်ဗျာ။

ချွေးတလုံးလုံး
အားသွန်ရုန်း
ဂတ်ဆုံးရောက်မှ နားရမှာ။

အို . .မိတ်ဆွေများ
ဘဝကား
သနားသဖြင့် ညှာတာပါ။

မင်းလူ

Comment #1

ထိုင်ခုံရွှဲစို
မိုးကယို
ပရိုကိုးသာ ဆောင်ထားပါ။

အိုဗာဝိတ်တိုး
လေးလည်းကျိုး
လမ်းဆိုးတာက ပြဿနာ။

စည်းကမ်းဖောက်ပြန်
ခရာသံ
ချလံလေးတော့ ကြောက်တယ်ကွာ။

ချက်ဆီလည်းပျက်
ဖရိမ်အက်
သက်တမ်းတိုးတော့ ခက်တယ်ဗျာ။

commentinfo By: အောင်ရဲသူ at Jul 7, 2011
Comment #2

ဟားဟား။။။။။။။။။။ (ဆရာ့အားလေးစားလျှက်ပါ)

commentinfo By: May Kha at May 21, 2012
Comment #3

ဦးမင်းလူရဲ့ ဘ၀ကားက ပေစုတ်နေတာပဲနော်။ကားအကောင်းလေးအကြောင်းရေးပါဦးလား။ဒီလိုကားကြီးကတော့ စီးရတာပျင်းစရာပါ။

commentinfo By: lighthunter at Dec 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment