Professional Authors
V…O…O…D…O…O (terry)
ကြယ်စုံ…..လစုံ
နက္ခတ်စုံမဟုတ်ပေမယ့်
အဲ့ဒီညမှာပဲ…………
ရွှေအိုရောင်ဆံနွယ်လေးတစ်စ
ငါ့ကိုအသက်သွင်းခဲ့တယ်။
ဟန်ဆောင်ခြင်း….လိမ်ညာခြင်း
ယန္တရားတွေကင်းတဲ့
ကလေးဆန်ဆန်
ယုံကြည်ခြင်းတွေကို
အဆုံးမဲ့ကူးခတ်စေတယ်……..။
နိုးလော့…………။
ထလော့…………။
ရွတ်ဆိုစရာမလိုအောင်ပဲ
အသက်မသွင်းခင်ကတည်းက
အရိပ်ဖြစ်ချင်နေတဲ့ကောင်ပါ။
အဲ့လိုနဲ့ ………….
ရင်ခုန်ခြင်းတွေ သံဓိဌာန်ချ
ငါဆိုတဲ့ရှင်သန်ခြင်းဟာ….
ဖြစ်စေရမယ်…………….။
အသင်……….
အလိုရှိမယ်ဆိုရင်
အချိန်မဟုတ် အခါမဟုတ်လည်း
ကျွန်ုပ် ၀ိဥာဉ်ကိုနှုတ်ယူနိုင်ပါတယ်
အသင်….
စိတ်ညစ်တဲ့အချိန်ကြရင်လည်း
လူရွှင်တော်တစ်ယောက်လို
အလွမ်းတွေကိုယ်ရောင်ဖျောက်ရင်း
ကြည်နုးခြင်းအနားဖောက်ထားတဲ့
ပျော်ရွှင်ခြင်းတွေ………….
ရောက်လာစေရပါမယ်
အသင်…..
အနှောက်အယှက်ဖြစ်လို့ 
မလိုအပ်ဘူးလို့ ထင်ရင်လည်း
စက္ကူတစ်ရွက်လိုခေါက်သွား
ချောင်ထဲမှာလည်း….ပစ်ထားလို့ ရတယ်။
သခင်မ……
စိတ်မကောင်းဖြစ်အောင်
မျက်ရည်ကျပြမှာတော့
မဟုတ်ဘူး…………။
ကျွန်ုပ်က
ရင်ဘတ်ထဲမှာပဲ
ငိုတတ်တယ်…………။
စိုးရိမ်မှု့ နဲ့ ခရီးသွားသူတွေရဲ့ 
ဆုတောင်းမှာ……..
ကြောက်တဲ့အရာတွေ
မဖြစ်ပါစေနဲ့ လို့ ပဲများတယ်….။
ဒါပေမယ့်
သခင်မရယ်….
ကျွန်ုပ်လိုအရုပ်တစ်ရုပ်က
ဆုတောင်းဖို့ 
အမိန့် ပေးခြင်းတွေကပဲ
ဆုတောင်းတွေ ဖြစ်လိမ့်မယ်……။
In: ကဗျာ Posted By: Date: Jun 5, 2011
Comment #1
ကောင်းလွန်းတယ်ဗျာ
commentinfo By: မိုးသစ်လေပြေ at Jun 5, 2011
Comment #2
ကိုတယ်၇ီ…..
သခင်မလေးက တော်2စွမ်းတယ်ဗျာ4
အားပေးနေပါတယ်။
commentinfo By: poem.poem28 at Jun 6, 2011
Comment #3
အဲ့လိုနဲ့ ………….
ရင်ခုန်ခြင်းတွေ သံဓိဌာန်ချ
ငါဆိုတဲ့ရှင်သန်ခြင်းဟာ….
အသင်ရဲ့ ပျော်ရွှင်ခြင်းအတွက်
ဖြစ်စေရမယ်…………….။
အသင်….
စိတ်ညစ်တဲ့အချိန်ကြရင်လည်း
လူရွှင်တော်တစ်ယောက်လို
အလွမ်းတွေကိုယ်ရောင်ဖျောက်ရင်း
ကြည်နုးခြင်းအနားဖောက်ထားတဲ့
ပျော်ရွှင်ခြင်းတွေ………….
ရောက်လာစေရပါမယ်။…..
ကို terry ရေ……ကဗျာလေးက ကောင်းလွန်းတယ်…..
အားပေးသွားပါတယ်
commentinfo By: ကေသရီ at Jun 6, 2011
Comment #4
အားပေးတဲ့…မောင်နှမတွေကိုကျေးဇူးအရမ်းတင်ပါတယ်…
😀
commentinfo By: terry at Jun 6, 2011
Comment #5
သခင်မရဲ့ ……
အမိန့် ပေးခြင်းတွေကပဲ
ကျွန်ုပ်ရဲ့ ….
ဆုတောင်းတွေ ဖြစ်လိမ့်မယ်……။
ကောင်းပါတယ်။ voodoo လေးရဲ့ဘ၀ကဒီလိုပဲဖြစ်ရတာ သနားစရာပဲ…….
commentinfo By: kyaw at Jun 6, 2011
Comment #6
အစ အလယ် အဆုံး
သိပ် ကို ထိမိ တယ် တယ်၇ီလေးးး
မင်းကဗျာတွေ မျှော်ရတာ တော်တော်ဆိုးဝါးတယ် ဟာ … ကိုယ်ထင်ပြပါဦး
commentinfo By: sharon myorr myor at Apr 6, 2012
Comment #7
ကျွန်ုပ်က
ရင်ဘတ်ထဲမှာပဲ
ငိုတတ်တယ်…………။
commentinfo By: Sofarawayfromyou at Feb 26, 2013
Leave Comments
Name*
Email*
Website
Email me whenever there is new comment