Professional Authors

အာမေဒိတ်

 

 

မှားလေစွ မှားလေစွ

ဒီသံသရာ ကျင်လည်ကျ

ဒီမြေပြင်ဝယ် လူတတွေ

သောင်ပြောင်းလို့ အကုတွေနဲ့

ပျော်ရွင်ခဲ့ရ သူ့ကျွန်ဖြစ်တယ်

လွတ်နိုင်ဖို့ လွယ်ဘူးကွဲ့လေ…။

 

မသိတာက အဝိဇ္ဇာနယ်

သိနိုင်ဖို့ ဝိဇ္ဇာသင်မယ်

ဖြစ်နိုင်သလောက် ရအောင်ယူလေ

ဒီသံသရာညွတ်ကွင်း လွတ်ကင်းဖို့မလွယ်

ဖုံးအုပ်လို့ အကုတွေရယ်

လောဘ ဒေါသ မောဟနဲ့ခြယ်

ဘယ်မလွယ် လွတ်ကင်းနိုင်ဘူး..။

 

အစုံအဆန် မြန်ပါလေတယ်

ကူးနိုင်ဖို့ မလွယ်ကူရှာပေ

အကုနယ် ရေယဉ်ကြောမှာ

မျှော…မျှောရှာလို့လေ..။

 

သံသာရာတခွင်မှာ လွတ်ကင်းအောင်ပ

ကျွတ်သီတင်းနဲ့ ဆော်သြကာရယ်

တောင်းပန်ကာ ကုသိုလ်လုပ်မယ်

ပြည်နိဗ္ဗာန် ရောက်အောင်ထိလေ..။

 

သဒ္ဓါထက်နဲ့ မြတ်မင်္ဂလာရယ်

စီရင်ကာ ကုသိုလ်နယ်ဝယ်

ပြတ်သားလို့ သူတို့လှူတယ်

ပြည်နိဗ္ဗူ ရောက်အောင်လို့လေ..။

 

တက္ကသိုလ်မြတ်မင်း

http://www.venpunnavamsa.blogspot.com

In: ကဗျာ Posted By: Date: Sep 21, 2011
Comment #1

မသိတာက အဝိဇ္ဇာနယ်

သိနိုင်ဖို့ ဝိဇ္ဇာသင်မယ်

ဖြစ်နိုင်သလောက် ရအောင်ယူလေ

ဒီသံသာရညွတ်ကွင်း လွတ်ကင်းဖို့မလွယ်

ဖုံးအုပ်လို့ အကုတွေရယ်

လောဘ ဒေါသ မောဟနဲ့ခြယ်

ဘယ်မလွယ် လွတ်ကင်းနိုင်ဘူး..။

( အမြဲအားပေးလျှက်ပါ)

commentinfo By: May Kha at Sep 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment