Professional Authors

Negligence

သူများတွေလိုမျိုး လမ်းရိုးကြီးတစ်ပတ်ပတ်
ပြီးတော့ တစ်ခေါက်ပြန်လျှောက်
အဲလိုခေါက်ရိုးကျိုးနေတဲ့ စက္ကူတစ်စလိုဘဝ
တခါတလေတော့ ငါတောင့်တတရ် …
အကယ်၍ … အလွမ်းသာ
မျက်စိစုံမှိတ်ခြေစုံပစ်မ၀င်ခဲ့ရင်

ဘယ်လောက်များကောင်းပါ့မလဲ …

အခြေအနေလား အချိန်အခါလား
အခုချိန်ထိ
မသဲကွဲလုသေးဘူး …
စိတ်တည်ငြိမ်သွားမလား whisky တစ်ခွက်လောက်
ငါတောင့်တတရ် …
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်လည်း
အခုလောက်ဆို ငါအရက်သမားဖြစ်နေလောက်ပြီ …
ညီမျှခြင်းရဲ့တစ်ဘက်
နင့်လုပ်ရပ်က မသိကိန်းတွေများလွန်းနေခဲ့တရ် …
နင် နှစ်လိုခဲ့တဲ့ ဥပေက္ခာဆိုတဲ့
ဆိုလိုရင်းကို ငါအဘိဓါန်တွေမှာ
ရှာလိမ့်ဦးမရ် …
တစ်ချိန်ချိန်တော့
အလိုက်မသိ ၀ုန်းဒိုင်းကြဲနေတဲ့
သတိရခြင်းတွေကို မေ့ဖျောက်ပစ်နိုင်ပါလိမ့်မရ် …
အခုတော့လည်း
ပြောနေကြစကားအတိုင်း အားလုံးကို
ပြည်ဖုံးကားချလိုက်ကြပါစို့ရဲ့ ………။
In: ကဗျာ Posted By: Date: Jun 4, 2011
Comment #1

စကားလုံးတွေမိုက်တယ်…………..:)

commentinfo By: angel at Jun 4, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment