မင်းမသိတဲ့……..အချစ်တွေ
လမ်းဟောင်းလေးထဲ ရောက်တိုင်း
တစ်ခေါက်မကတဲ့
ငါတို့ရဲ့အတိတ်တွေ…
အရိပ်လိုပဲ ထင်ကျန်နေဆဲပါ၊
ဒါကို… မင်းမှမသိပဲကွာ………….။
ချစ်သူ……….
မင်းကထားရက်ခဲ့လို့ ထားသွားခဲ့ပေမယ့်
ချစ်တတ်တဲ့သူ တစ်ယောက်ကတော့…
မမေ့ရက်လို့ နောက်ထပ်အချစ်ဆိုတာ
ဘဝမှာ ထပ်မရှိတာ
မင်းမှမသိတာကွာ………….။
အတိတ်ကို ပြန်သတိရမှာစိုးလို့
မသိချင်ယောင်ဆောင် ခဲ့
မသွားချင်အောင်နေ ခဲ့
ငါတို့ရဲ့..…ဆုံနေကျ
သမုဒယ လမ်းကလေး…
လမ်းကြုံလို့ လှမ်းမြင်ရရင်ပဲ
ကိုယ့်ရင်ထဲ အပူမီးစွဲခဲ့ရတယ်
မင်းကတော့မသိနိုင်ခဲ့ပါဘူး…………..။
တွေခွင့်မှ မရနိုင်တဲ့ချစ်သူ……..
မင်းဘက်က အချစ်သစ်ရှိနေလား မသိ၊
ငါ့ကို ချစ်သေးလား မသိ၊
မချစ်နိုင်တော့ဘူးလား မသိနဲ့…
ငါ့ အင်မအားတွေ ချည့်နဲ့တဲ့ နေ့အထိ
မမေ့ရက်စွာ စောင့်ကာနေမယ်
မျှော်လေမျှော်လေ ဝေးရလေဆိုလည်း…
ဘယ်လောက်ဝေးမည် ဝေးစမ်းပါစေလေ…။
ချစ်သူရယ်……….
ရေဆုံးမြေဆုံး ဝေးလည်း
ချစ်နေအုံးမယ်ဆိုတာ
မင်းမသိလို့ ရက်စက်ပေမယ့်
ငါ့ရင်ထဲမှာ ရစ်ငင်နေတာ
တစ်သက်စာအတွက်
ထာဝရ မေတ္တာ ပါကွာ…………………။ ။
                      ဇော်သက်ဦး
Comment #2
ချစ်သူရယ်……….
ရေဆုံးမြေဆုံး ဝေးလည်း
ချစ်နေအုံးမယ်ဆိုတာ
မင်းမသိလို့ ရက်စက်ပေမယ့်
ငါ့ရင်ထဲမှာ ရစ်ငင်နေတာ
တစ်သက်စာအတွက်
ထာဝရ မေတ္တာ ပါကွာ…………………။  ။
အားပေးခံစားသွားတယ်
 By: အသဲကွဲမိုး at Jun 2, 2011
                        By: အသဲကွဲမိုး at Jun 2, 2011
                    Comment #3
တွေခွင့်မှ မရနိုင်တဲ့ချစ်သူ……..
မင်းဘက်က အချစ်သစ်ရှိနေလား မသိ၊
ငါ့ကို ချစ်သေးလား မသိ၊
မချစ်နိုင်တော့ဘူးလား မသိနဲ့…
ငါ့ အင်မအားတွေ ချည့်နဲ့တဲ့ နေ့အထိ
မမေ့ရက်စွာ   စောင့်ကာနေမယ်
မျှော်လေမျှော်လေ  ဝေးရလေဆိုလည်း…
ဘယ်လောက်ဝေးမည် ဝေးစမ်းပါစေလေ…။
So good Fri….
I like This Poem
 By: Kaythari at Jun 3, 2011
                        By: Kaythari at Jun 3, 2011
                    Comment #4
very good…..အရမ်းကြိုက်တယ်အားပေးသွားတယ်နော်…နောက်လဲဆက်ရေးပါဦး
 By: ကြယ်စင်နတ်သမီး at Jun 3, 2011
                        By: ကြယ်စင်နတ်သမီး at Jun 3, 2011
                    Comment #11
nice
 By: ei lay at Jul 14, 2011
                        By: ei lay at Jul 14, 2011
                    Comment #13
u r welcome.
really nice naw,
this is my 5th time reading.
 By: ei lay at Jul 31, 2011
                        By: ei lay at Jul 31, 2011
                    
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 
Comment #1
ကိုဇော်သက်ဦး၇ဲ့သက်ဆိုင်သူလေးသိပါစေ..ဗျာ
ဆုတောင်းပေးပါတယ်။ကဗျာကလည်းအ၇မ်းကောင်းတယ်။
အားပေးနေတယ်…အကို