Professional Authors

ရှေးဟောင်းအချစ်များ

အိပ်မက် မ,မက်ချင်လို့

မအိပ်ဖြစ်တာကြာခဲ့ပြီ .. . ။

 

တပ်မက်တဲ့ နူတ်ခမ်းနှစ်စုံယဲ့

ထိတွေ့မှုကို ဖျောက်မရလို့

မျှော်လင့်ချက် အသတ်ခံလိုက်ရတယ်. .။

 

ငါ့စိတ်နဲ့ မင်းကို ယုံ

မေ့မရတဲ့ ဖောက်ပြန်မှုကြောင့်

သစ္စာတရား မဲ့ကြသွားခဲ့ပေါ့…။

 

အရှုံးထွက် ပုံသေနည်း

တဖတ်သတ် ရူးရမှာ ထိတ်လန့်လို့

ကျောခိုင်းခဲ့တယ်…။

 

အချစ်စစ်ဆိုတာ . ..

ရာဇ၀င်၊ ဒဏ္ဍရီလာ

ယုံတမ်းတွေလား ?

 

သစ္စာတရားဆိုတာ . .

ရှေးဟောင်းပစ္စည်း

နင်နဲ့ ငါ . .. .

ပေါင်းစပ်ဖို့ . .. .. .

ပြတိုက် တစ်ခုလုံး .. . ပြိုကျခဲ့ပေါ့ . .. ။  

ရှင်းသန့်ဖြူ

25.1.2011

3:50 pm

In: ကဗျာ Posted By: Date: Jun 1, 2011
Comment #1

သစ္စာတရားဆိုတာ . .

ရှေးဟောင်းပစ္စည်း

နင်နဲ့ ငါ . .. .

ပေါင်းစပ်ဖို့ . .. .. .

ပြတိုက် တစ်ခုလုံး .. . ပြိုကျခဲ့ပေါ့ . .. ။ ။

commentinfo By: အသဲကွဲမိုး at Jun 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment