Professional Authors

ခေါက်ရိုးချိုး . .. မာန

ဝေဒနာ တပွေ့တပိုက်

မပြောရက်၊ မဆိုရက်

ရင်ခွင်တစ်ခုလုံး ..

မင်းပျော်ဖို့

အော လိုက်ပြီ အချစ်ရေ .. .။

 

တစ်ယောက်ထဲ နင့်အတွက်

တမင်တကာ ရယ်ရွယ်. ..

ရင်ခွင်များကြား အပျော်တွေ

လှိုက်လှိုက် လှဲလှဲငို .. . .။

 

ကျေနပ်မယ်ဆိုရင်

မင်းစိတ်တိုင်းကျ. ..

ဒဏ်ရာ ဆိုတဲ့

အဲ့ဒီကောင်တောင် . ..

အချစ်စိတ်နဲ့ `ထုံ´အ

သွားခဲ့ရတယ် . ..။

 

မနာကျဉ်ပါဘူး ချစ်သူရယ်…

ငါရင်ခွင် စုပ်ပြတ်သတ်

မငြိုငြင်ရက်ဘူး .. . .

ရက်စက်ပါ .. . . ။

 

အချစ်ယဲ့ . .. စေရာ

နှလုံးသား. . .ခိုင်းဘက်

………………………

ချစ်ပါတယ်´´လို့

ပြောပြီး ကတည်း က

အရှုံးကို ကောက်နမ်းတတ်တာ  . . . .

ငါဆိုတဲ့ ကောင်ပါ .. . ။  

In: ကဗျာ Posted By: Date: Jun 1, 2011
Comment #1

ချစ်ပါတယ်´´လို့
ပြောပြီး ကတည်း က
အရှုံးကို ကောက်နမ်းတတ်တာ . . .
ငါဆိုတဲ့ ကောင်ပါ .. . ။…………………
အားပေးသွားပါတယ်…..
အရမ်းကောင်းတယ်….။ ။

commentinfo By: ကေသရီ at Jun 2, 2011
Comment #2

ချစ်ပါတယ်´´လို့

ပြောပြီး ကတည်း က

အရှုံးကို ကောက်နမ်းတတ်တာ . . . .

ငါဆိုတဲ့ ကောင်ပါ .. . ။ ။

သိပ်ကောင်းတယ်……………။

Comment #3

သိပ်ကောင်းတဲ့စာသားလေး

commentinfo By: သန္တာ at Jun 2, 2011
Comment #4

ခံစားချက်တူသွားလို့နေမှာပါ. .. ။
အရှုံးဆိုတာ ကောက်နမ်းတိုင်းမကောင်းဘူးလေ နော်..

commentinfo By: Shin Thant Phyu at Jun 7, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment