Professional Authors

နင်….ငါ့ဘေးနားမှာ ရှိနေတယ်…..။

လိုအပ်ချိန်တိုင်း
လက်တွဲခွင့်မရှိတော့တာကလွဲ
နင် ….
ငါ့ရဲ့ဘေးမှာ အမြဲရှိပါတယ်….။
 
ငါ့ညတွေ မှောင်မိုက်ဆဲ
အဝေး….အဝေးက တိုးတိုးညှင်းနဲ့
နင့်သီချင်းသံ
ငါ့ နားစည်ထဲတိုးဝင်
ငါ့သန်းခေါင်ယံ နင့်အရိပ်နဲ့
အသားကျနေတယ်…။
 
ဘယ်သူကပြောလဲ…?
ငါတို့အဖြစ် ရင်နင့်စေတယ် လို့
လက်ရှိအချိန်တွေထိ
နင်ရော ငါရော သိပ်ချစ်နေဆဲဆိုတာ….
သူတို့မှ မသိကြတာ….။
 
အရင်ကဆို နေ၀င်ချိန်လမ်းခွဲ
ငါတို့တွေ သိပ်လွမ်းခဲ့ကြရတယ်လေ
ခု…….
ငါ့လှုပ်ရှားသမျှပုံရိပ်
နင့်ကို မြင်ခွင့်ရသွားစေတာ
အဆိုးထဲက အကောင်းပါ…..။
 
နင်………
လုံးဝ ငါ့ကမ္ဘာမှာ မပျောက်ကွယ်ပါဘူး
ငါဆိုတာ ရှင်သန်နေစဉ်အတွင်း
ငါတို့ မျက်လုံးတွေ အတူမှိတ်
အိပ်မက်တွေ အတူမက်ရင်း
လွင့်မျောလိုက်ကြစို့…..။
 
နင့်မျက်ဝန်းလည်း မြင်နေတယ်….
နင့်စကားသံလည်း ကြားနေတယ်….
ဘာမှထပ်မလိုတော့ဘူး….
ဘ၀ခြားတာကလွဲ
အရင်ကလိုပဲ ငါ့စိတ်ထဲမှာ နင့်ကို ချစ်တယ်….။
 
ငါသိထားတဲ့ ယုံကြည်ခြင်းနဲ့
ဒီလိုလေးပဲ ငါရှေ့ဆက်
တစ်စက္ကန့်တောင် မဝေးတော့ဘဲ
နင်………
ငါ့ရဲ့ ဘေးနားမှာလည်း
အမြဲတမ်းရှိနေပေးတယ်…..။
 
တစ်ဦးတစ်ယောက်ကမှ အသိအမှတ်မပြုလည်းနေ
ငါတို့တွေပဲသိတဲ့
နားလည်ခြင်းတွေနဲ့
ပုံဖော်ဖူးသော အနာဂတ်…..
ဆက်ပြီးတည်ဆောက်ကြမယ်….။
 
အရင်ကလိုပဲ……
နင်….ငါ့ဘေးနားမှာ….. ရှိနေတယ်လေ….။
 
In: ကဗျာ Posted By: Date: Jun 1, 2011
Comment #1

အရင်ကလိုပဲ……
နင်….ငါ့ဘေးနားမှာ….. ရှိနေတယ်လေ….။
မကေ….အားပေးသွားပါတယ်

commentinfo By: poem.poem28 at Jun 1, 2011
Comment #2

ဘယ်သူကပြောလဲ…?
ငါတို့အဖြစ် ရင်နင့်စေတယ် လို့
လက်ရှိအချိန်တွေထိ
နင်ရော ငါရော သိပ်ချစ်နေဆဲဆိုတာ….
သူတို့မှ မသိကြတာ….။
တစ်ဦးတစ်ယောက်ကမှ အသိအမှတ်မပြုလည်းနေ
ငါတို့တွေပဲသိတဲ့
နားလည်ခြင်းတွေနဲ့
ပုံဖော်ဖူးသော အနာဂတ်…..
ဆက်ပြီးတည်ဆောက်ကြမယ်….။

အရင်ကလိုပဲ……
နင်….ငါ့ဘေးနားမှာ….. ရှိနေတယ်လေ….။

……………………………..
အရမ်းခံစားရတယ်………………….
…..အားပေးသွားတယ်နော်……..သတိလည်းရတယ် ကေ

commentinfo By: အသဲကွဲမိုး at Jun 1, 2011
Comment #3

!_!

commentinfo By:ံHORIZON at Jun 2, 2011
Comment #4

လိုအပ်ချိန်တိုင်း
လက်တွဲခွင့်မရှိတော့တာကလွဲ
နင် ….
ငါ့ရဲ့ဘေးမှာ အမြဲရှိပါတယ်….။

commentinfo By: ခင်ဘုန်းနေ at Jun 2, 2011
Comment #5

whenever,,,
wherever,,,,
whatever,,,,,
however,,,,
u r always beside me.
u r always forever.

commentinfo By: ei lay at Aug 20, 2011
Comment #6

miss someone.

commentinfo By: ei lay at May 11, 2012
Comment #7

u r always in my mind.
u r always in my heart,
u r always in my life,

commentinfo By: ei lay at Jul 22, 2012
Comment #8

အနားနားဘေးမှာ အနားနားဘေးမှာ နေချင်လို့ပါ
အနားနားဘေးမှာ အနားနားဘေးမှာ ရှိချင်လို့ပါ

commentinfo By: ei lay at Mar 11, 2013
Comment #9

ငါ့အနားမှာနင်သာရှိရင် အရာရာပြီးပြည့်စုံသွားပြီ
ကျန်တာဘာမှထပ်မလိုတော့ဘူးကွယ်
နင့်နဲ့အတူကမ္ဗာအပြင်ဘက်ဆီ
ငါလေပြေးလို့ထွက်သွားချင်
လူတွေနဲ့အဝေးဆုံးနေရာတခုဆီ

commentinfo By: ei lay at Mar 11, 2013
Comment #10

လက်တွဲခွင့်မရှိတော့တာကလွဲ တဲ့

commentinfo By: han mo at Jul 27, 2013
Comment #11

:'( …

ဆို့ နင့် …

commentinfo By: nge at Jul 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment