Professional Authors

မဆန်းတဲ့ည

Some Memories are never fade

7blue bluehope

မဆန်းတဲ့ည

 

ဒီညဟာ မီးတွေ တောက်တဲ့ ညပါ

အဲဒီ မီးကို ကျွန်တော်က မွှေးတယ်

သူ့က ယပ်ခတ်တယ်လေ

လေညှာကနေ သူက ခတ်တော့

ကျွန်တော့်ကို မီးဟတ်ခဲ့တာ မဆန်းခဲ့ပါဘူး…

 

ဒီညဟာ တေးသွားတွေ မညီညာခဲ့တဲ့ ညပါ

အဲဒီ တေးသွားကို ကျွန်တော်က ထွင်တယ်

သူက သီဆိုတယ်

အသံအားကောင်းတဲ့ သူက စွဲငင်အား ကောင်းတော့

ကျွန်တော့် မျက်စီကို အသံလှိုင်းခတ်လို့

ရေပူတစ်ချက် ရုန်းထွက်သွားတာ မဆန်းခဲ့ပါဘူး…

 

ဒီညဟာ သူနှုတ်ဖျားနဲ့ ခါးသက်သက်စကားတွေ မိန့်ချွေတဲ့ ညပါ

အဲ့ဒီ အမိန့်ကို ကျွန်တော်က အခံခက်ခဲ့တယ်

သူက  မကြားချင်တဲ့ စကားတလုံး ပြောသွားတယ်

ပေါ့ပေါ့ပါးပါးဘဲ ရှိတဲ့ သူက ဖွင့်ဟလွယ်ခဲ့ပေမဲ့

ကျွန်တော့် နားကနေ ခန္ဓာတလျှောက်လုံး

ဥပေက္ခာသွေးတွေ စီးမျောသွားခဲ့တာ မဆန်းခဲ့ပါဘူး…

 

BlueHope

In: ကဗျာ Posted By: Date: May 31, 2011
Comment #1

မဆန်းတာတွေ များရင်လဲ ဆန်းတယ်နော် သတိထားအုံး
ညဘက်ကြီးမှာ မဆန်းတာတော့ မဟုတ်သေးဘူး 😀

commentinfo By: dreamflower at May 31, 2011
Comment #2

🙁

commentinfo By: BlueHope at Jun 1, 2011
Comment #3

lots of meaning.
although idon’t understand,ur poem is really good to read.

commentinfo By: ei lay at Aug 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment