Professional Authors

အရံလူရဲ့ အတ္တ……

မပိုင်ဆိုင်ခဲ့ရတဲ့ ကြည်နူးခြင်းတွေရှိတယ်
အရှုံးပေးခဲ့ရခြင်းတွေနဲ့
မကြာခဏ ကြုံကြိုက်
အထွေထွေသော မျိုသိပ်ထားခြင်းတွေရှိတယ်….။
 
စွန့်ပစ်ခံရခြင်း တစ်စေ့တစောင်း
နင့်ရင်သို့ ဦးတိုက်လာမယ်ဆိုရင်
စွန့်လွတ်ပေးခဲ့ရတဲ့….
ငါ့ရင်ခုန်သံတွေအကြောင်းလည်း
နင် တဖြည်းဖြည်းနားလည်လာလိမ့်မယ်….။
 
လူတိုင်းက….
အချစ်ဆုံးရဲ့ အချစ်ဆုံးဖြစ်ချင်ကြတယ်
ဒါပေမယ့် ငါက အသွင်ကွဲ
နင့်ကိုပဲ ချစ်နေရတဲ့ ဘဝ
အားလုံးကပြည့်စုံနေသလိုလည်း ခံစားရတယ်…။
 
နင့်စိတ်ကြိုက် တစ်စုံတစ်ယောက်နဲ့
အတူလက်တွဲလို့ ပေါင်းဖက်….
ငါ မငိုမိဘူးနော်…
ခက်ခက်ခဲခဲနဲ့ အပြုံးတွေခြွေချ
ငါ့အတွက်နဲ့ နင့်စိတ်လေးလံသွားမှာ
စိုးရွံ့ ထိတ်လန့်
နင်ပျော်ရွှင်ရစေဖို့က
ငါ့စိတ်ရင်းအမှန်လည်း ဖြစ်နေခဲ့တယ်…။
 
တိတိကျကျ ၀န်ခံပါတယ်
ဘယ်သူနဲ့ပဲ နင်ရှိရှိ
နင်လိုအပ်သမျှ ဖြည့်ဆည်းပေးနိုင်ဖို့
ငါ့စိတ္တဇက ချိုမြိန်
ဟိုးအဝေးတစ်ဖက်ကလည်း
ငါ……..အမြဲ
နင့်မျက်နှာကို မျှော်ငေးနေတတ်တယ်….။
 
ငါအတ္တတွေကြီးခဲ့ပါတယ်….
ရှုထောင့်စုံက ဖြည့်တွေး
အရာရာမှာ…..
ပေးဆပ်ရခြင်းရဲ့ဘက်ကရပ်တည်
တစ်ဘက်သတ် တယူသန်
အရံလူဆိုတဲ့ အသိနဲ့
အတုံ့အလှည့်မရှိတဲ့ ပြတ်သားခြင်းတွေရှေ့မှာ
ငါ…….ခုချိန်တွေထိ
အတ္တတွေကြီးနေခဲ့ပါတယ်……။    ။
In: ကဗျာ Posted By: Date: May 30, 2011
Comment #1

စွန့်ပစ်ခံရခြင်း တစ်စေ့တစောင်း
နင့်ရင်သို့ ဦးတိုက်လာမယ်ဆိုရင်
စွန့်လွတ်ပေးခဲ့ရတဲ့….
ငါ့ရင်ခုန်သံတွေအကြောင်းလည်း
နင် တဖြည်းဖြည်းနားလည်လာလိမ့်မယ်….။

လူတိုင်းက….
အချစ်ဆုံးရဲ့ အချစ်ဆုံးဖြစ်ချင်ကြတယ်
ဒါပေမယ့် ငါက အသွင်ကွဲ
နင့်ကိုပဲ ချစ်နေရတဲ့ ဘဝ
အားလုံးကပြည့်စုံနေသလိုလည်း ခံစားရတယ်…။
ကေ..အရမ်းကြိုက်လို့ အားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at May 31, 2011
Comment #2

နင့်စိတ်ကြိုက် တစ်စုံတစ်ယောက်နဲ့
အတူလက်တွဲလို့ ပေါင်းဖက်….
ငါ မငိုမိဘူးနော်…
ခက်ခက်ခဲခဲနဲ့ အပြုံးတွေခြွေချ
ငါ့အတွက်နဲ့ နင့်စိတ်လေးလံသွားမှာ
စိုးရွံ့ ထိတ်လန့်
နင်ပျော်ရွှင်ရစေဖို့က
ငါ့စိတ်ရင်းအမှန်လည်း ဖြစ်နေခဲ့တယ်…။
မကေ….အရမ်းကောင်းပါတယ်။

commentinfo By: poem.poem28 at Jun 13, 2011
Comment #3

really nice,
lots of love.
i admire ur pure love.

ta chain lone pat pyay nay tar ko,,,ma kay ye,
e dar kyaunt,,,
ho ka ywe p loak pya tar nay hmar..

commentinfo By: ei lay at Aug 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment