Professional Authors

ခံစားချက်သေနေတဲ့သစ်ပင်

အယူအဆသေများ
ဆုပ်ကိုင်ရင်းနဲ့
အိပ်မက်သေမှ
ခံစားချက်သေတွေနဲ့
နိုးထလာခဲ့တယ်။

ကမ်းလင်မယ်.လက်များ
ဘယ်ဆီရောက်နေမှန်း
မသိပေမယ်.
မျှော်လင်.ခြင်းမိုးတိမ်က
ကောင်းကင်နဲ့အပြည်.ရယ်။

လွမ်းလွန်းလို.ပါဆို
အနောက်တောင်လေက
အလွမ်းတွေရွာချတာ
ဒီ ဒဏ်ရာနွံက
ရုန်းထွက်လို. မရတော.ဘူး။

ကံဆိုးမသွားရာ
မိုးလိုက်လို.ရွာ
အဲစကားပုံများ
မှန်လိုက်တာက
ခုတော.
မိုးတင်မဟုတ်ဘူး
မိုးကြီုးပါ
အုန်းအုန်း ဒိုင်းဒိုင်းကို ပစ်လို.။

ကံကြမ္မာက
အပြောင်းအပြန်ရှိတယ်
ဟုတ်တယ်လေ
မိုးရွာပြီးတော.လည်း
နေပူတာပေါ.
မစိုပြေတဲ့အိပ်မက်များ
ခြောက်ကပ် အက်ကွဲလို.။

သူများတွေပြောပြောနေကြတဲ့
သန်းခေါင်ထက်ညည်.မနက်တော.ဘူး 
ဆိုတဲ့စကား
ဟုတ်ပ
ဒီမှာ အာရုဏ်ဦး မတွေ့ရတာ
တော်တော်တောင်ကြာခဲ့ပြီ။

နင်.ကိုလွမ်းလို.
အစိမ်းလိုက်
ဝါးစားခဲ့တဲ့
ငါ. အိပ်မက်များ
ရက်စွဲတွေထဲမှာ
လွင်.မျောရင်း
ကန်ဘောင်မှာ
ယောင်ချာချာနဲ့
အသက်သာကြီးကြီးသွားတယ်
အိပ်မက်ကတော.
ဒီပုံစံလေး အတိုင်းပဲ။

အချိန်တန်တော.လည်း
လာကြည်.လိုက်
နင်မြင်စေချင်လို.
ငါ. အလွမ်းတွေ
စိမ်းစိုပြထားတယ်
ငါ.မျှော်လင်.ချက်တွေ
ခိုင်မာတဲ့ပင်စည်ကြီးလိုနဲ့
ငါ. အချစ်တွေက
မြဲမြံတဲ့ အမြစ်ဆုံတွေလို
တကယ်တော.
ငါဟာ
ခံစားချက်သေနေတဲ့သစ်ပင်။

                                        wx@d…?

In: ကဗျာ Posted By: Date: May 22, 2011
Comment #1

ကံကြမ္မာက
အပြောင်းအပြန်ရှိတယ်
ဟုတ်တယ်လေ
မိုးရွာပြီးတော.လည်း
နေပူတာပေါ.
မစိုပြေတဲ့အိပ်မက်များ
ခြောက်ကပ် အက်ကွဲလို.

commentinfo By: chityellusoelay at Aug 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment