Professional Authors

:( :::::::::::::::::::::::::: လူတယောက် :( ::::::::::::::::::::::::::

အကောင်းဆုံး ဖြစ်အောင်ကြိုးစားရင်း
အဆိုးဆုံးတွေပဲ ဖြစ်သွားတက်တဲ့လူတယောက်
အနီးဆုံးလာဖို. ကြိုးစားရင်း
အဝေးဆုံးကိုပဲလွင့်ထွက်သွားရတဲ့
လူတယောက်
ကိုယ်သာပိုင်တဲ့ ကိုယ့်ဘ၀မှာမင်းသားလုပ်ဖို.ကြိုးစားရင်း
ဗီလိန်ဆိုတဲ့ ခပ်ကြမ်းကြမ်းဇာတ်ပို.ဖြစ်သွားတဲ့လူတယောက်
သံစဉ်မရှိတဲ့ သီချင်းတပုဒ်နဲ. ရသမဲ့တဲ့ကဗျာတပုဒ်ကို
လေချွန်ရင်း လမ်းမရှိတဲ့ လမ်းဖက် လမ်းလျှောက်ထွက်ခဲ့တဲ့လူတယောက်
လေးနက်မူတွေ ရင်ဝယ်ပိုက် ဘ၀ကိုခပ်မိုက်မိုက် တွန်းလှန်ဖို. ကြိုးစားရင်း
ဘ၀အလောင်းအစားပွဲမှာ အချစ်ကို ချထိုးမိလို. ငိုကြွေးခဲ့ရတဲ့လူတယောက်
ချစ်သူမနက်ဘ၀အဆက်ဆက် နေထွက်ဖို.
ဥပက္ခာတံခါးကိုဖွင့် နှလုံးသားကိုခပ်ရင့်ရင့်မြေမြှပ်ခဲ့တဲ့လူတယောက်

In: ကဗျာ Posted By: Date: May 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment