Professional Authors

အချစ်

ချစ်တယ်ဆိုတဲ့စကားရဲ့နောက်မှာ
နှောင်တွယ်မှုတွေကကပ်လိုက်တတ်တယ်
မမြင်ရတဲ့ငြိတွယ်မှုတွေက
ဝေးသွားတဲ့အခါမှ
ပိုလို့တောင်အုံကြွတတ်တယ်။
ချစ်မိခဲ့ရင်
ပန်းခင်းလမ်းကိုချည်းမျှော်လင့်လို့မရဘူး။
အချစ်ဆိုတာမျိုးက
စစ်ပွဲလိုပဲ
စမိရင်တော့
မှားမှားမှန်မှန်ဆက်တိုက်ရတယ်…….
မျှော်လင့်သလောက်ပြန်မရနိုင်တဲ့
ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုဟာလည်း
အချစ်ပဲ…..
မာကျောလှတဲ့နှလုံးသားတွေက
အချစ်ဆိုတာနဲ့တွေ့တော့
ှုနှုးညံ့လာကြတယ်..
တကယ်တော့ငါ့အထင်
အချစ်ဆိုတာက
Therapeutic indexနိမ့်တဲ့ဆေးကိုသောက်ရသလို
နည်းနည်းလောက်များတာနဲ့
Toxicဖြစ်စေနိုင်တဲ့အရာပါပဲ။              ။

In: ကဗျာ Posted By: Date: May 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment