Professional Authors

သောကပုံပြင်

သောကစုံလင်
လောကပုံပြင်ဇာတ်မှာ၊
ပြောသမျှယုံချင်တတ်သူရဲ့၊
အမှတ်မရှိတဲ့အသည်း။

သခင့်အပြောမှာ၊
လွင့်မျောကာ ရှည်ကြာပေါ့၊
ဝေဒနာ အပူတခက်ကိုကွယ် ….‎
ဘယ်သူဖျက်မှာလဲ။

In: ကဗျာ Posted By: Date: Jul 26, 2009  
Comment #1

ဦးဟယ်ရီရဲ့ ကဗျာရှေ့မှာ….ဇာတ်ထဲကလို…
အမယ်မင်း….လို့ထည့်ပြီးသာ ငိုလိုက်ချင်တယ်….
ပြောချင် ငိုချင်နေတဲ့ စကားတွေနဲ့ ကွက်တိပဲ…
ငိုချင်လျက် လက်တို့…..
🙁

commentinfo By: maylaynge at Jul 27, 2009
Comment #2

အောင်မယ်လေး … ကိုယ့်ဟာကိုယ် ငိုချင်ငိုပါ … တရားခံမရှာပါနဲ့ ဒေါ်မေလေးရယ် … ကြောက်လို့ပါ … နော် …
တော်ကြာ အမှုတွဲထဲ ပါနေဦးမယ် … 😛

commentinfo By: harry at Jul 29, 2009
Comment #3

ဆက်ရန် ရှိသေးပါသလား ခင်ဗျာ။ ကိုဟယ်ရီ ဆက်ချင်ဆက်ပါ မဆက်ရင် ကျွန်တော် ဆက်ပေးရပါလိမ့်မယ်။

သောကစုံလင်
လောကပုံပြင်ဇာတ်မှာ၊
ပြောသမျှယုံချင်တတ်သူရဲ့၊
အမှတ်မရှိတဲ့အသည်း။

သခင့်အပြောမှာ၊
လွင့်မျောကာ ရှည်ကြာပေါ့၊
ဝေဒနာ အပူတခက်ကိုကွယ် ….‎
ဘယ်သူဖျက်မှာလဲ။

သခင်မဖျက်ပေ
ကြင်ရက်တွေ သွေကာလို့
ရင်ဝေဒနာ အပူမငြိမ်းတယ်
စိမ်းရက်တယ်လေး။

ငှဲငှဲ ကောင်းတယ်မလား။ မကောင်းရင်လည်း ရေးမှာပဲ။ ဒါတောင် ဆိုင်ရောက်တုန်း ကြုံသလိုလေး အမှီ လိုက်ဖျက်ရတာ။ နောက်ဆို သေချာ ဖျက်ပေးမယ်။
ချစ်ညီလေး
ချီရွန်

commentinfo By: chiron at Jul 31, 2009
Comment #4

ကောင်းဘူးကွ …

commentinfo By: harry at Aug 6, 2009
Comment #5

မကောင်းလည်း ရေးမှာပဲဗျာ။ ဘာဖြစ်တုန်း ကိုယ့် အကိုကြီး ကဗျာ ကိုယ်ဖျက်တာ။ ဟိဟိ ။ နောက်တာပါ ကျွန်တော့် ကဗျာတွေတော့ လိုက်ဖျက်ရဘူးနော်။ အဲလိုလုပ်ရင် ဂယ်ကြီး စိတ်ဆိုးမှာ။

commentinfo By: chiron at Aug 11, 2009
Comment #6

ဖျက်ကို ဖျက်အုံးမှာ …
အခု အလုပ်ရှုပ်နေသေးလို့ ကြည့်နေတယ် မှတ်ပါ … ဟင်း ဟင်း ဟင်း

commentinfo By: harry at Aug 12, 2009

Leave Comments

Name*

Email*
Website
Email me whenever there is new comment