Professional Authors

တစ်ဘက်သတ်

အဲသလိုမျိုး
ထုံးစံအတိုင်း
ငါ့ဘာသာတစ်ယောက်တည်း ထုံပေပေဖွင့်ဆိုမယ်
ကောက်ချက်ဆွဲမယ်
ဆုံးဖြတ်မယ်။

သူရဲဘောနည်း သွေးကြောင်လွန်းတာလား
တရှိုက်မက်မက် အချစ်စိတ်လွန်ကဲတာလား
မျှော်လင့်ရောင်ခြည်မရှိတာနဲ့
ငါ့အသက်ဓာတ်ဟာဟုတ်ခနဲညိမ်းသွားနိုင်သတဲ့
မာနဟာ အဆင်ပြေအောင်ဖန်တီးမှူကို ဆူညံသံအဖြစ် နှောက်ယှက်လို့
ငါဘာလုပ်နေမိမှန်းကိုယ့်ဘာသာတောင်မသိတော့

အမှန်တရားဟာ
တိမ်စင်လ
ငါက
ကောင်းကင်ကိုမော့မကြည့်ဝံ့သေးတဲ့ကောင်

ဩမြိုင်

In: ကဗျာ Posted By: Date: May 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment