Professional Authors

ပိုးဟပ်

                          ပိုးဟပ်

ဝသာန်မိုးကာလ
နေသာတဲ့ နေ့ တနေ့ ရဲ့ ညနေဆည်းဆာ
အရာရာကိုခ၀ါချပြီး
္လူလူညာကြီး တီးရှော့ပ်မှာ
ငါထိုင်ဖြစ်ခဲ့ တယ်….
ဆိုင်ရှေ့ သစ်ပင်ဘေးမှာ
နက်စ်ကော်ဖီခါးခါးလေးတခွက်နဲ့ 
အပြတ်ဇိမ်ယူနေတုန်း
ဟိုတုန်းက အတိတ်ဟောင်းကို
ပြန်ပြောင်းလို့ အောက်မေ့မိတယ်….

မာယာရှင်ရဲ့ 
အကြင်နာအသွင်တွေကြောင့်
ငါ့ရင်ဟာ အရမ်းခုန်ခဲ့ ပါလား
မကြုံဘူးတော့လည်း
တော်တော်ရူးခဲ့ တာပေါ့
ပျော်မြူးခွင့်မရှိလည်း
ဆူးပါစေ ဒီအချစ်များရယ်လို့ 
ဆုံးဖြတ်ထားခဲ့ မိတယ်…
ထိန်းချုပ်မနိုင်တော့တဲ့ အချစ်တွေအတွက်
ငုတ်တုပ်ထိုင် မစဉ်းစားတော့ ပဲ
ချက်ချင်းပင်ပြောချမိပေါ့လေ
တို့ အချစ်တွေ သိမ်းဆည်းဖို့ 
မင်းရဲ့ နှလုံးသားကို အလိုရှိပါတယ်
တယ်မိုက်တဲ့ စကားပါလား
အမှားပါရင်ခွင့်လွှတ်နော်  တဲ့ …..
အပြောကောင်းလို့ လားမသိ
အဖြေတောင်းကြည့်တော့
အခြေအနေကောင်းခဲ့ပါတယ်
ရက်နည်းငယ်လောက်
စောင့်ပါဦးတဲ့ လေ…….

စောင့်ခိုင်းတဲ့ ရက်
နှစ်ရက်အလိုမှာ
ခင်ပျိုက လာပြောတယ်
စိတ်တကယ်ပါရင်ဖြင့်
ကြိတ်မခံစားရအောင်
ရော့..ဒီမှာ တို့ ရဲ့ မင်္ဂလာဆောင် ဖိတ်စာ
လာဖြစ်အောင်လာ ပါတဲ့ …
ဟိုက်….လိပ်ပြာတောင်မှ
ငုတ်ရှောင်ကာပြေးပြီပေါ့
တော်ပါတော့မေရယ်
ကိုယ်တကယ်ခံစားနေရပြီ…..

အမယ်လေး  ဟဲ့ 
အတွေးဂယက်ထဲက
ပိုးဟပ်တကောင်ကြောင့်
ရုတ်တရက်ပြေးထွက်ခဲ့ ရပြီပေါ့
ကျိုးပျက်ခဲ့တဲ့ ဘ၀မှာ
ကို ပိုးဟပ်ကလေ
အရာရာကို အသစ်ကပြန်စလိုက်တဲ့ 
ဟေ့..ဒါဆို အချစ်စစ်က ဘယ်မှာလဲ………….။        ။

                                                                     မင်းအိမ်

In: ကဗျာ Posted By: Date: May 10, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment