Professional Authors

မေမေပေးသော…..။ ။

စိတ်ညစ်မှုနဲ့ ဖိအားတစ်စု
အိမ်ခြံအပြင်မှ ရပ်ကျန်ရစ်ကြတယ်
မေမေ့ရဲ့ မေတ္တာရိပ်ထဲ
သူတို့တွေ နေရာမကျန်အောင် ပျောက်ရှလို့…..။

ဝမ်းနည်းခြင်းနဲ့ ခံစားခဲ့ရသမျှ
မေမေ ပြောတဲ့ ဘ၀ရဲ့သာဓကတွေအောက်
ပြားပြားဝပ်ရင်း ကွယ်ပျောက်
ခေတ္တမျှတောင် ငါ့ဦးနှောက်ထဲ အလည်မရောက်တော့ဘူး…..။

သိမ်ငယ်မှုနဲ့ ရှုံးနိမ့်သောအတွေး
ငါ့နံဘေးကပဲ ဖြတ်လျှောက်
အသိအမှတ်ပြုဖို့ အချိန်မရောက်ခင်
မေမေက တားစီး ….
စိတ်ဓါတ်တွေကို မြှင့်တင်ပေးရင်း….
သူတို့တွေလည်း အလိုအလျောက် ငါ့ရဲ့အဝေးကိုရောက်ကြတယ်…..။

မေတ္တာတရားတွေကို တုနှိုင်းမရ
ဂုဏ်ပြုကဗျာရေးရင်း…..မွန်းမံ…..
မေမေပေးသော အသိဥာဏ်များဖြင့်
ခွန်အားတွေ ရှေ့မှောက် ငါရောက်ရှိရင်း…
ရှေ့ဆက်သော မနက်ဖြန်များစွာထဲ၌
ငါသည် မေမေ့ အတွက်…..အားကိုးရာ ထီးတစ်လက် ဖြစ်ပါစေသား……။     ။

“အမေများနေ”့ အတွက် အမှတ်တရ

In: ကဗျာ Posted By: Date: May 4, 2011
Comment #1

ငါသည် မေမေ့ အတွက်…..အားကိုးရာ ထီးတစ်လက် ဖြစ်ပါစေသား……။
ကြိုးစားလိုက်ကြတာပေါ့နော်..ကေသရီရေ…ထီးလေးတွေဖြစ်အောင်လေ 🙂

commentinfo By: ရွှေငါး at May 4, 2011
Comment #2

ဒါပေါ့ ရွှေငါးရယ်…..ထီးဖြစ်အောင်အစွမ်းကုန်ကြိုးစားရင်
ခု လောလောဆယ်တော့ ဒီကဗျာကို အကြောင်းပြပြီး
မေမေ့ဆီက ထီးအသစ်တစ်လတ်ရလိုက်တယ်….:)

commentinfo By: ကေသရီ at May 4, 2011
Comment #3

မေတ္တာတရားတွေကို တုနှိုင်းမရ
ဂုဏ်ပြုကဗျာရေးရင်း…..မွန်းမံ…..
မေမေပေးသော အသိဥာဏ်များဖြင့်
ခွန်အားတွေ ရှေ့မှောက် ငါရောက်ရှိရင်း…
ရှေ့ဆက်သော မနက်ဖြန်များစွာထဲ၌
ငါသည် မေမေ့ အတွက်…..အားကိုးရာ ထီးတစ်လက် ဖြစ်ပါစေသား……။ ။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment