Professional Authors

ငိုတတ်ချင်တဲ့လူ

ကောင်းကင်ကြီးကို ဂျက်ပင်ထိုးပြီး
အလွမ်းရုပ်ရှင်တစ်ကားလောက်တော့
ထိုင်ကြည့်လိုက်ချင်တယ်..။
ဘ၀မှာလှောင်ရီခဲ့တာပဲ များတော့
နှလုံးသားက ခါးနေခဲ့ပြီ..။
သကာတစ်ဝက် အဆိပ်တစ်ခွက်နဲ့
ငိုစား ရီစားမျက်နှာ များ..။
မှောင်ရိပ်ခိုလာတဲ့ အတ္တနဲ့
ငွေကြေးသင့် အိပ်မက်များ…။
တပ်မက်မှုဆန္ဒနဲ့ မြူဆွယ်ရောင် အပြုံးများ
နေ့ စဉ်နဲ့အမျှ သံသရာနဲ့အမျှ
ကြုံကြုံလာတော့
ဘ၀ ဟာ ခါးခဲ့ပြီ……။
လှောင်ရီခဲ့တာ များတော့လည်း
ဖြူစင်တဲ့ အပြုံးမျိုးမပြုံးတတ်တော့ဘူး…။
လောကဓံဆိုတာလည်း
တစ်ခါတစ်ခါတော့
ပန်းလာပေးတတ်သားပဲ
ပန်းတွေပွင့်တိုင်းသာ
ရနံ့ တွေ သင်းထုံကြစတမ်းဆိုရင်
ဒီကမ္ဘာပေါ်မှာ တန်ဖိုးကြီးရေမွေးတွေ
ပျောက်ကွယ်မှာ ကြာလှရောပေါ့…။
ဒီလိုပဲ ငါလှောင်ရီတတ်ခဲ့တယ်.။

In: ကဗျာ Posted By: Date: May 3, 2011
Comment #1

မှောင်ရိပ်ခိုလာတဲ့ အတ္တနဲ့
ငွေကြေးသင့် အိပ်မက်များ…။
တပ်မက်မှုဆန္ဒနဲ့ မြူဆွယ်ရောင် အပြုံးများ
နေ့ စဉ်နဲ့အမျှ သံသရာနဲ့အမျှ
ကြုံကြုံလာတော့
ဘ၀ ဟာ ခါးခဲ့ပြီ……။
မှန်တယ်…အပြုံးတုတွေလဲထပ်ခါထပ်ခါပြုံးခဲ့ဘူးပြီ..။

commentinfo By: ရွှေငါး at May 4, 2011
Comment #2

ကောင်းကင်ကြီးကို ဂျက်ပင်ထိုးပြီး
အလွမ်းရုပ်ရှင်တစ်ကားလောက်တော့
ထိုင်ကြည့်လိုက်ချင်တယ်..။
မိုက်တယ်ဗျာ
အားပေးတယ် 🙂

commentinfo By: mg chann aye at May 8, 2011
Comment #3

ဘ၀ကိုထင်ဟပ်စေတယ် ကောင်းတယ်
လူတွေအားလုံး လှောင်ရီတဲ့ အပြုံးတွေကြားမှာ ဖြူစင်တဲ့ အပြုံးမျိုးပြုံးနိုင်တဲ့ အချိန်တွေလည်း ပိုင်ဆိုင်ပါစေဗျာ
ဖြူစင်တဲ့အပြုံးတစ်ချက်က ပေးတဲ့နွေးထွေးမှုက လှောင်ရီတဲ့ အပြုံးတွေကြောင့် မသိမသာ ရလိုက်တဲ့ ထိချက်များစွာကို ပျောက်ကွယ်စေနိုင်ပါတယ်

commentinfo By: P at May 10, 2011
Comment #4

ကောင်းတယ် တော်တယ်သိလား
အားပေးမယနော်ကြိုးစာထား

commentinfo By: htet at Oct 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment