Professional Authors

သူသည် လူသာ ဖြစ် သည်

ကြားမိပါစ…..
ဒုက္ခနက်တွင်း၊ ထိုရေတွင်းမှ
သူဆင်းရဲတို့၊ချို့တဲ့ဥစ္စာ
မဲ့ပညာနှင့် ၊ ဆာယာမျှော်မှန်း
ရော်ကာရမ်းလည်း၊ ကမ်းလှမ်းမည့်လက်
တစ်ဖက်ချက်တွင်၊ ကယ်တင်ကူ ရာ
မရှိပါတည်း….။

အလိုမိတ်ဆွေ၊ သူတို့တွေလည်း…..
  တစ်မြေမိုးအောက်၊ မိုးခါးသောက်သူ
  သင်လိုလူသား၊ ကမ္ဘာသားပင်။

အလိုမိတ်ဆွေ၊ သူတို့တွေလည်း
   စိတ်နေစိတ်ထား၊ သင်ငါများနှင့်
   ကွာခြားမနေ၊ တူတူ ပေပဲ။

ချစ်စေမုန်းတတ်၊ လွမ်းတတ်ကြ၍
  အနေမြင့်ချင်၊ ချမ်းသာချင်၏။

လိုချင်ဥစ္စာ၊ ထွေပညာအား
သာယာတောင့်တ၊ နှစ်လို ကြ၍
လောကစည်းစိမ်၊ မသေချိန်ကို
တစ်ကြိမ်ခံစား၊ ယူချင်သွားမည်။

လူလိုတွေးတတ်၊ ကြံမှတ်တတ်၍
အသက်သေခြင်း၊ နာကျင် ခြင်းနှင့်
လှခြင်းစုံမက်၊ခံစားတတ်၏ ။

ထိုသို့ဖြင့်………….
သူဆင်းရဲသား၊ကျောမွဲများဟု
စကားအပြစ်၊ ဆိုဖြစ်မည့်အစား
သူကားလူပင်၊ငါနှင့်ဆင်သည်
ကမ်းတင်ကမ်းလက်၊နှင်းဆက်ပြုရန်
မေတ္တာမှန်ကြောင်း၊အကြံကောင်းသာ
ထပ်လောင်းပြုအပ်ကြပါစို့…..။      ။

In: ကဗျာ Posted By: Date: May 2, 2011
Comment #1

သူဆင်းရဲသား၊ကျောမွဲများဟု
စကားအပြစ်၊ ဆိုဖြစ်မည့်အစား
သူကားလူပင်၊ငါနှင့်ဆင်သည်
ကမ်းတင်ကမ်းလက်၊နှင်းဆက်ပြုရန်
မေတ္တာမှန်ကြောင်း၊အကြံကောင်းသာ
ထပ်လောင်းပြုအပ်ကြပါစို့…..။ ။

commentinfo By: ရွှေငါး at May 2, 2011
Comment #2

လူချင်းလူချင်း၊လူ့ဇာတ်သွင်း၍
ယွင်းသောသစ္စာ၊မှန်လေရာကို
ခွာစေသမှု၊အမှန်ပြု၍
ဆစ်ထုပန်းပုပမာ
သူငယ်ခမျာ
ခံရရှာသည်
ဆိုလိုရင်းကတော့
ကလေးငယ်တွေလည်း အမှားကိုအမှန်ထင်စေသော ဆုံးမမှုအချို့ အောက်မှာ ရောက်ရှိနေကြတယ်လို့ဆိုတာပါ မွေးလာကတည်းက ပညာသင် စာတတ်ပြီး ပညာမတတ် ဘ၀တစ်ခုလုံးမှာ ၀မ်းတစ်ထွာအတွက်သာ လှုပ်ရှားကြရရှာတယ် လေ သူတို့အနေနဲ့ လောကကြီးအကြောင်း မသိသွားရဘူး နှမြောတဿဖြစ်လိုက်ရတာ 🙁

commentinfo By: Moe Thit Lay Pyay at May 14, 2011
Comment #3

😛

commentinfo By: ei lay at Jun 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment