Professional Authors

အစဉ်သာ – မောင်စိန်ဝင်း(ပုတီးကုန်း)

မစီးနဲ့လေ …
ရေကိုတားနိုင် ဆို့ပိတ်နိုင်လည်း
မရွာနဲ့လေ …
ရေငွေ့ရေခိုး စနေမိုးအား
ဘယ်သူတားမလဲ …

မလာနဲ့လေ …
ဝေရီမှိုင်းခိုး၊ ရနံ့ဆိုးများ
တံခါးသော့ချိတ်
အလုံပိတ်ကာ ထားနိုင်လည်း …
မတိုက်နဲ့လေ …
ဟိုသည်မွှေနှံ့ လေပြည်ရူးအား
ဘယ်သူတားမလဲ …

မကြည့်နဲ့လေ …
အနေစိမ်းစိမ်း တိမ်းဖယ်ရှောင်ချင်
ခင် နေနိုင်လည်း …
မမြင်နဲ့လေ …
ဝေဒနာနွေး ခြေရာလေးထား
နှလုံးသားမှ ဆပွားထောင်ရာ
သည်မျက်နှာကို …
အို ဘယ်သူတားလို့ရမှာလဲ။

မောင်စိန်ဝင်း(ပုတီးကုန်း)

Leave Comments

Name*

Email*
Website
Email me whenever there is new comment