Professional Authors

တို့ နှစ်ယောက် အကြောင်း

ငါတို့ နှစ်ယောက် ရဲ့ ပုစ္ဆာ မှာ

အဖြေ မထွက် လို့ သီအိုရီတွေ ပျက်ခဲ့ရပါတယ်

ငွေ နဲ့ လူကို ချိန်ခွင် လျှာ ညှိတတ်တဲ့

နင့် အသိုင်းအဝိုင်းကြောင့် ငါဘေးထွက် ခဲ့ရပါတယ်

side effect မရှိတဲ့ ငါ့ အချစ်တွေကို

နင် အပျော်တမ်း ကစားပစ်ခဲ့ ပါတယ်

နင်လွှင့် ပစ်ခဲ့ တဲ့ ငါ့ရဲ့အသဲ ကို

ငါ့လက် နဲ့ ပြန်ကောက် ငါ ကိုယ်တိုင် အစိမ်း ချုပ်ခဲ့ရပါတယ်

ချစ်သူ တွေ သွား တဲ့လမ်းမှာ

ငါ အသဲ ကွဲ သီချင်းတွေ အော်ဆို ခဲ့ရပါတယ်

တဖန် ပြန်လည် လာတဲ့ နင့်ရှေ့မှာ

တစ္ဆေတစ်ကောင် လို ဟန်ဆောင် ပြုံးခဲ့ရပါတယ်

ဘယ်နေရာ ရောက်ရောက် ငါနေတဲ့

ကမ္ဘာ ဘက် အခြမ်းက အမြဲ မှောင်နေခဲ့ရပါတယ်

ဒီလို နဲ့

ငါ တို့ နှစ်ယောက် ကစားတဲ့ ပွဲမှာ

လက်ရည် မညီလို့ ငါ နှုတ်ထွက် ခဲ့ရပါတယ်

In: ကဗျာ Posted By: Date: Apr 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment