Professional Authors

မျှော်လင့်ထားပါတယ်

 ငါ့ရဲ့ဘေးမှာ ရိုက်ခတ်မှုတွေ

 ဘယ်လောက်များများ

အဝေးက နင့်ဂရုစိုက်ခြင်းတွေကြောင့်

ခွန်အားတစ်ခု မွေးမြူထားရင်း

ငါ့နေ့စဉ်ဘ၀ကလည်း သတိရခြင်းများစွာနဲ့ အေးမြနေတယ်….။

ရင်ခွင်လွမ်းချင်း

မနေ့တွေကထက်ပိုလည်း

ထပ်တူညီတော့မယ့် စိတ်ကူးတစ်စုံအတွက်

မိနစ်စက္ကန့်တွေကို မျက်နှာလွှဲ

အဝေးရောက်ချစ်သူ နင့်ကိုပဲ

ငါ့အသွေးအသားတွေက တမ်းတနေပါတယ်…..။

ခွဲခွာရခြင်း သက်သက်ဖြင့်

ဝေးကွာမသွားနိုင်တဲ့ သံယောဇဉ်

အရင်ကနဲ့မခြား ခိုင်မာနေဆဲမို့

ပြောင်းလဲခြင်းတွေ လက်ကာပြရင်း

နင်နဲ့ ဒီတစ်သတ်လက်တွဲသွားဖို့

အိပ်မက်တွေကိုလည်း အမိန့်ပေးထားတယ်……။

ငါတို့ ရင်ခုန်သံတွေ နွေးထွေးနီးစပ်

နင့်ရဲ့အနီးကပ်ဘ၀ တစ်ခုရဖို့

ငါဆိုတဲ့ ကောင်မလေး ရှင်သန်

နင့်ရဲ့ချစ်တတ်ခြင်းတွေ မပြောင်းလဲစေဖို့

ငါ…..အမြဲတမ်းလည်း မျှော်လင့်ထားပါတယ်…….။    

In: ကဗျာ Posted By: Date: Apr 27, 2011
Comment #1

thz so so much.
same with all of my feeling,

commentinfo By: ei lay at Nov 6, 2011
Comment #2

:'(
:'(
:'(

commentinfo By: ei lay at Oct 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment