Professional Authors

ပေးဆပ်ချင်တဲ့သူ

နင်က ရှေ့ကို ဆက်လှမ်းနေတယ်

ငါက ဒီမှာ ရပ်တန့်နေခဲ့

လက်တစ်စုံကို ဖမ်းဆုပ်ထားချင်ရဲ့

ရုတ်တရက်

ငါ့အတ္တ ကို ငါ မေ့သွားခဲ့။

ပြန်လည်ဖမ်းဆုပ် မမိနိုင်ဘူးဆိုရင်တောင်…။

မသေချာတဲ့ အနမ်းတစ်ခု ကို တမ်းတနေမယ့်အစား

မြင်နေရတဲ့ အလင်းရောင်ဆီကိုသာ

လှမ်းသွားလိုက်ပါ ငှက်ငယ်။

နင်မရှိလို့ ငါမနေပျော်ဘူးဆိုရင်တောင်

နင်ပျော်နိုင်ဖို့ ငါ့အတ္တကို စွန့်လွှတ်ရဲပါတယ်။

ငါထင်တယ်

ငါနောင်တမရပါဘူး

တစ်ချိန်ချိန်ကျ

ကိုယ်စီကြယ်တွေဆွတ်ခူးပြီးချိန်ပေါ့…

ငါ့လက်အစုံ မှာ ခိုနားလှည့်ပါ ငှက်ငယ်။

In: ကဗျာ Posted By: Date: Apr 26, 2011
Comment #1

ငါထင်တယ်

ငါနောင်တမရပါဘူး

တစ်ချိန်ချိန်ကျ

ကိုယ်စီကြယ်တွေဆွတ်ခူးပြီးချိန်ပေါ့…

ငါ့လက်အစုံ မှာ ခိုနားလှည့်ပါ ငှက်ငယ်။
အားပေးသွားပါတယ်…….

commentinfo By: genius.jinx28 at Apr 26, 2011
Comment #2

wowwwwwwwwww
so nice,,,,,
so amazing,,,,
so generous,,,,
so kind-hearted,,,

commentinfo By: ei lay at Jan 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment