Professional Authors

ဒဏ်ရာနက်နက်

နှလုံးသားဆိုတာဘာမှန်းမသိ
အချစ်ဆိုတာဘာမှန်းမသိ
သံယောဇဉ်ဆိုတာဘာမှန်းမသိ
ရင်ခုန်ခြင်းမြတ်နိုးခြင်းတို့နတ္ထိ
သည်လိုကောင်ခမျာ
အချစ်မှာမျောမယ်လို့ဘယ်သူထင်မတုန်း…..

အချစ်ဆိုတာ…
နတ်ဆိုးတစ်ပါးလား
ဆုလာဘ်တစ်ခုလား
ငါဝေခွဲမရသေးဘူး
ကျမ်းစာထဲမှာတော့
အချစ်ဆိုတာ
စူးရှလင်းလက်သော
ကျိန်စာတစ်ခုတဲ့…..

နှလုံးသားရဲ့ အနက်ရှိုင်းဆုံး
တစ်ထောင့်တစ်နေရာက
ဆေးကျောင်းသူလေးရယ်
ကျွန်တော့်ရဲ့ ဘယ်ဘက်ရင်အုံကို
မှုန်မှိုင်းမည်းမှောင်
အလွမ်းရောင်တော့မဆိုးသွားပါနဲ့
အထီးကျန်ရနံ့သင်းပျံ့ နေတဲ့ကောင်မှာ
ကြေကွဲခြင်းတွေဝေဆာလာတာကို
မခံစားရက်နိုင်လို့ပါ

စိန့်ပန်းပင်အိုကြီးဆီမှာ
စိန်းပန်းပွင့်တို့တထောင်းထောင်းကြွနေချိန်
သူ့အကြောင်းကိုပြောပြတိုင်း
နီရိုင်းရိုင်းအရောင်တွေနဲ့
တလက်လက်ထ
ကျွန်တော့်ကိုယ်စားဝမ်းနည်းပေးကြတယ်လေ…

ဘ၀ရဲ့ ကြယ်တစ်စင်း
အနက်ရှိုင်းဆုံးဝင်းပ
ကျောင်းစာသင်ခန်းထဲမှာ
လမင်းတစ်ပါးထင်ရှားစွာ
ထွန်းလင်းလို့နေပါတယ်
ကျွန်တော်သူ့ကိုချစ်တာ
ပြန်တမ်းတော်မှာတောင်မရှောင်
ကျောင်းပရ၀ဏ်ထဲက
နိုင်ငံ့အလံတော်တောင်သိနေပပေါ့

အရောင်မစွန်းသောမေတ္တာနဲ့
ဖြူစင်တဲ့သူ့နှလုံးသားရဲ့ 
အနက်ရှိုင်းဆုံးတစ်နေရာမှာ
နားခိုခွင့်ရချင်ရုံလေးပါ

ဂျူတီကုတ်ကိုဝတ်
လူနာတွေကိုကယ်တင်ပေးမည့်
ဆရာဝန်လောင်းဆေးကျောင်းသူလေး
ကျွန်တော့်မေတ္တာကို
ဘယ်အချိန်လက်ခံနိုင်မှာလဲဟင်

အလွမ်းဒဏ်ရာနက်နက်တွေကြားကနေ
ဆေးကျောင်းသူလေးကို
ကျွန်တော်မျှော်နေပါတယ်
စာဂျပိုးဆေးကျောင်းသားလည်း
ချစ်တတ်သောအသည်းနှလုံးကို
ပိုင်ဆိုင်ထားပါတယ်ဗျာ
                                               မိုးသစ်လေပြည်
                                             25.4.2011 00:13 am

In: ကဗျာ Posted By: Date: Apr 25, 2011
Comment #1

ကဗျာလေးတွေ…..များများတင် ပေးဖို့အကြံ ပြု ပါ တယ်………….:D i like it

commentinfo By: Demon 13 at May 1, 2011
Comment #2

Demon ပြောသွားသလို ပါပဲ ။ ( Like )

Comment #3

တတ်နိုင်သမျှတင်ပေးပါ့မယ်ဗျာ ကျွန်တော်ကရေးတာသိပ်မတော်သေးလို့လိုက်ဖတ်ရှုနေရတဲ့ လေ့လာရေးသမားအဆင့်ပဲရှိသေးလို့ပါခင်ဗျာ (သမ္ဘာလည်းနုသေးတာကိုး)
😀

commentinfo By: Moe Thit Lay Pyay at May 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment