Professional Authors

စကားလုံးတစ်လုံးမှ မပါတဲ့ကဗျာ (၀ိုင်ချိ)

နှင်းဆီပန်းလေးကို နှင်းဆီပင်မှာပဲ ထားသလို
သနပ်ခါးတုံးလေးကို သနပ်ခါးပင်မှာပဲထားသလို
လက်ဖက်ရွက်လေးကို လက်ဖက်ပင်မှာပဲ ထားသလိ
ု စမ်းရေကြည်လေးကို စမ်းရေကြည်မှာပဲ ထားသလို
 မင်းကို ငါထားခဲ့တယ်၊
 ကောင်မလေးရေ..
ဘာမှ ရေးမထားတဲ့ ဗလာစာရွက်ဟာ
အရှင်းလင်းဆုံးအလှတရား
 ဒါမှမဟုတ်
 အရှုပ်ထွေးဆုံး စိတ်ကူးစိတ်သန်းတွေရဲ့ လားရာ
တစ်စုံတစ်ရာကြောင့် ကြေကွဲခဲ့ရင်တောင်
မပွင့်မငုံအမြုံများလို
သတိနဲ့လွမ်း သတိနဲ့ ၀မ်းနည်းကြရအောင်ပါ
 မီလျံဒေါ်လာကို ပြားဖွဲ့သလို
အလင်းနှစ်ကို လက်မဖွဲ့သလို မေတ္တာကို စာမဖွဲ့ချင်ပါဘူး
အောင်မြေကို အောင်မြေမှာပဲ ထားခဲ့သလို
 ငယ်ဘ၀ကို ငယ်ဘ၀မှာပဲ ထားခဲ့သလို
 ငါမဖွဲ့ရက်တဲ့ ကဗျာကို မဖွဲ့တဲ့အတိုင်း
မင်းအရိပ်လေးထဲ ထားခဲ့တယ်။

ဝိုင်ချို

Comment #1

ကောင်းပါတယ်
ကဗျာက ဒါပေမဲ့
တစ်ခုခုလိုနေလားလို့…

commentinfo By: thawna at Oct 19, 2013
Comment #2

ငါမဖွဲ့ရက်တဲ့ ကဗျာကို မဖွဲ့တဲ့အတိုင်း
မင်းအရိပ်လေးထဲ ထားခဲ့တယ်။

ကြိုက်တယ် အစ်မ .. ခုလို တင်ပေးတာ ကျေးဇူးပါ

commentinfo By: maypyo22889 at Oct 19, 2013
Comment #3

ကောင်းတယ်ဗျာ တကယ်ကိုကြိုက်တယ် ကျွန်တော်ကကဗျာရူးဗျကဗျာရေးရတာအရမ်းဝါသနာပါတာ

commentinfo By: ဇွဲထက် at Oct 19, 2013
Comment #4

ကျွန်တော်ဖတ်ဖူးတဲ့ကဗျာထဲမှာလေ
ဇီဝဇိုးငှက်ရဲ့အံဖတ်ကတန်ဖိုးရှိပါတယ်
ဒါပေမယ့်
ကျွှန်တော်လူကြားထဲမှာမအံပါဘူး
ကိုယ့်အံဖတ်နဲ့ကိုယ် အရှက်ကွဲမှာစိုးလို့ ။ တဲ့
ကျွန်တော်လည်းအဲဒါကြောက်လို့
ကဗျာတေရေးထားတာတော့အများကြိးပဲ

commentinfo By: ဇွဲထက် at Oct 19, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment