Professional Authors

ငါ၏ …..

 

ရင်ခုန်သံရေ

တံခါးမခေါက်ပါနဲ့တော့

ငါတစ်ယောက်အတည်းအလွမ်းနဲ့အိပ်ပါရစေ

မျှော်လင့်ချက်ရေ

မနက်ဖြန် ရောက်ရင်ငါ့ဆီမလာပါနဲ့

မေ့ပျောက်တတ်တဲ့စိတ်နဲ့အတူ ခရီးထွက်ချင်လို့

အိမ်မက်တွေလွန်ဆွဲတဲ့ညမှာ ငါ့ကောင်းကင်က

ဗီးနပ်ပျောက်ဆုံးနေခဲ့တယ် ..

စိတ်ရှိတိုင်းသာနေတဲ့လမင်းကို ကျိန်ဆဲမိတယ်

မင်းကြောင့် ငါ့ကြယ်လေးအရောင်မှိန်ရတာလို့

ရှိစေတော့

ဒါကိုလူတစ်ယောက်ရဲ့အတ္တ္တလို့ပဲ

ခေါင်းစဉ်တပ်လိုက်ကြပါစို့

 

ဧပရယ် ၁၈ ၊ ၂၀၁၁

In: ကဗျာ Posted By: Date: Apr 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment