Professional Authors

နီးနီးလေး

အချိန်တွေသာ တရွေ့ရွေ့ ကုန်ဆုံးနေတယ်
မျှော်လင့်ခြင်းတွေကတော့…
ငါ့ဆီ ရောက်မလာခဲ့ပါဘူး…။
မဆုံးနိုင်တဲ့ လမ်းကိုလျှောက်ရင်း
မမောဘူးလို့တော့
ငါ မလိမ်ညာချင်ပါဘူး…။
ခရီးတစ်ထောက်လဲ နားခဲ့ဖူးရဲ့၊
ခပ်ငေးငေး တွေဝေရင်းလဲ လျှောက်ခဲ့ဖူးရဲ့၊
သို့ပေမယ့်…
ပန်းတိုင်မဟုတ်မှန်း
သေချာသိနေခဲ့တော့လဲ ခက်တယ်…။
မပေးနိုင်ဘူးလို့ သိနေရက်နဲ့
ငါ… ဘာမှ မတောင်းချင်ပါဘူး..။
ယူပါလို့ ပြောတိုင်းလဲ
ငါ…လက်မခံခဲ့တာ
သိထားစေချင်တယ်။
ပန်းတိုင်ဆိုတာ
ဘယ်လောက်ဝေးနိုင်မှာလဲ
ဝေးချင်သလောက်ဝေးစမ်း၊
တစ်ကမ္ဘာ ခရီးလား၊ တစ်သံသရာ ခရီးလား၊
တစ်နေ့တော့
နီးနီးလေး ဖြစ်လာမှာပါပဲ။

In: ကဗျာ Posted By: Date: Apr 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment