စိတ်နှင့်ရုပ်များ၏ အခြေခံရာ…။
စိတ်နှင့် ရုပ်များ၏ အခြေခံရာ….။
နစ်မျောတဲ့ ရသတွေ တစ်ခုပြီး တစ်ခု.. မရိုးတမ်းစီးဆင်းနေတဲ့…..
ဘာသာဗေဒ မဲ့ နေတဲ့ မြစ်အသွယ်သွယ်နဲ့ တန်ဆာဆင်ထားရင်း…….
“”သြကာသလောက”” မှာ…… အမြဲ စိမ်းစိုနေအောင်
ဖြည့်ဆည်းပေးနေတဲ့ လောကရယ်……
နာကျင်ညည်းတွားနေတဲ့ လူ့လောက သောကတွေ..ရယ်ကို
ငါလေ မြစ်တစ်ခုရဲ့ အခြေက…..
အမှိုက်သရိုက် ဒိုက်တွေ လို
တွင်းနက်နက် တစ်ခုတူး…….
ဘ၀တစ်ခုလုံးကို ….
တစ်ဖန် နိုးထခြင်း မရှိအောင် ပြန်မြုပ်နှံ လိုက်ချင်တယ်……………
ဒါပေမယ့်….။
ဘ၀မှာ အမှတ်တမဲ့ တိုင်းက ရလာတဲ့
အမှတ်တရ ပေါင်း မြောက်မြားစွာဟာ…..
အချိန်တွေရဲ့…ကျောပေါ်မှာ…
ငါ တစ်ယောက်မက လူတိုင်းရဲ့ ဘ၀တွေ….
လက်မှတ်မဲ့ ဒဏ်ကြေးတွေနဲ့
မရောက်လိုတဲ့ ခရီးကို နေ့စဉ် ရင်းနှီးနေကြတယ်ဆိုတာ……
လောကရဲ့ အခြေပြ ပုံယောင်တွေမှာ အထင်အရှားပါဘဲ….။ ။
[email protected](ကကြီး။)